သန်လျင်၌ ယာဉ်တိုက်မှုဖြစ်ပွား နှစ်ဦးဒဏ်ရာရ


ရန်ကုန် ဖေဖော်ဝါရီ ၁၃

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ ခြောက်လမ်းသွားလမ်းမ၌ ဖေဖော်ဝါရီ ၁၂ ရက် ည ၉ နာရီအချိန်က ကားနှင့်ဆိုင်ကယ်တိုက်မှု ဖြစ်ပွားရာ နှစ်ဦးဒဏ်ရာ ရရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာသန်လျင်မြို့နယ် ၆လမ်းသွားလမ်းအတိုင်းတောင်မှမြောက် (၆လမ်းသွားလမ်းဆုံဘက်မှ ကုလားဝဲတံတားဘက်) သို့ ယာဉ်မောင်းဇင်လင်းသူအသက် (၂၆) နှစ် ဆင်ကန်ရပ်ကွက်ကျောက်တန်းမြို့နယ်နေသူမောင်းနှင်လာသောယာဉ်အမှတ် 9H/--- တိုယိုဗစ် အနက်ရောင် ကိုယ်ပိုင်ယာဉ်သည် သန်လျင်မြို့နယ် ငါးပြေမကျေးရွာထိပ်အကျော်အရောက် အရှိန်မထိန်းနိုင်ဘဲတစ်ဖက်ယာဉ်ကြောသို့ရောက်ရှိကာမျက်နှာချင်းဆိုင် (ကုလားဝဲတံတားဘက်မှ ၆ လမ်းသွားလမ်းဆုံဘက်) သို့ ဆိုင်ကယ်မောင်းကိုအောင်မျိုးဦးအသက် (၁၉) နှစ် ငါးပြေမကျေးရွာ၊ သန်လျင်မြို့နယ်နေသူမောင်းနှင်လာသောဆိုင်ကယ်အမှတ် (မပါ) ဘရှမ်းအမျိုးအစား ၁၂၅ ဖြူ/နီ ကြားရောင်ဆိုင်ကယ်အား ၀င်ရောက်တိုက်မိခဲ့ကြောင်းသိရသည်။

ထိုသို့ ၀င်ရောက်တိုက်မိသဖြင့် ဆိုင်ကယ်မောင်းကိုအောင်မျိုးဦးတွင် ဘယ်ဘက်ပါးပွန်း၊ ညာဘက်လက်ခုံပွန်း၊ ညဘက်ဒူးပွန်းဒဏ်ရာ၊ ဆိုင်ကယ်နောက်တွင် လိုက်ပါစီးနင်းသူ ဦးမျိုးဝင်း အသက် (၄၆) နှစ် ငါးပြေမကျေးရွာ၊ သန်လျင်မြို့နယ်နေသူတွင် ဘယ်ဘက်လက်ခုံပွန်း၊ ဘယ်ဘက်ဒူးဖုယောင်ပေါက်ပြဲ၊ ဘယ်ဘက်ခြေသလုံးပွင့်ထွက်ပေါက်ပြဲဒဏ်ရာများရရှိသဖြင့် သန်လျင်အထွေထွေဆေးရုံ၌ (မစိုးရိမ်ရ) ဖြင့် ဆေးကုသလျက်ရှိပြီးယာဉ်နှင့်ဆိုင်ကယ်ပျက်စီးခဲ့ကြောင်းသိရသည်။

အဆိုပါ ယာဉ်မှုအားသန်လျင်မြို့မရဲစခန်းမှ တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

သက်ခိုင် (သန်လျင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ