ရေဦး မူးမြစ်အတွင်း ကျောင်းသား ၉ ဦး ရေဆင်းချိုးရာမှ ၂ ဦးပျောက်ဆုံး


ခင်ဦး(ဖေဖေါ်ဝါရီ-၁၃)

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် ရေဦး မူးမြစ်အတွင်း ကျောင်းသား ၉ ဦး ရေဆင်းချိုးရာမှ ၂ ဦး ပျောက်ဆုံးနေကြောင်း ညောင်ပင်ကြီးစုရဲကင်းစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ခင်ဦးမြို့နယ် သက်ပေးအုပ်စု ဇီးတောကျေးရွာအနောက်ဘက်ရှိ ရေဦး မူးမြစ်အတွင်း၌ ဖေဖေါ်ဝါရီ ၁၃ ရက်နေ့ နေ့ ၁ နာရီခွဲခန့်က ရွှေဘိုမြို့နယ် ညောင်ပင်သာကျေးရွာတွင် ဖွင့်လှစ်ထားသော “SUPER CLIMAX” ဘော်ဒါဆောင်တွင် တတ်ရောက်နေသည့် အဋ္ဌမတန်းကျောင်းသားများဖြစ်သော မောင်လပြည့်ထွန်း၊ မောင်ပြည့်စုံဦး၊ မောင်အောင်ကျော်စိုး၊ မောင်မျိုးမင်းထက်၊ မောင်မျိုးခန့်၊ မောင်ဆက်မျိုးနိုင်၊ မောင်ကျော်မြင့်ဋ္ဌေး၊ မောင်ဟိန်းထက်ကျော်နှင့် မောင်ဖိုးလပြည့် တို့ ၉ ဦး ရေဆင်းချိုးခဲ့ကြောင်း သိရသည်။


ရေဆင်းချိုးရာမှ မောင်ဖိုးလပြည့် ၁၄ နှစ် (ဘ)ဦးတင်စိုး ညောင်ပင်သာကျေးရွာ ရွှေဘိုမြို့နယ်နေသူနှင့် မောင်ဟိန်းထက်ကျော် ၁၄ နှစ် (ဘ)ဦးကျော်ဝင်း မြင်းစီးကျေးရွာ ရွှေဘိုမြို့နယ်နေသူတို့ ၂ ဦးမှာ ရေနစ်ပျောက်ဆုံးသွားသဖြင့် ညောင်ပင်ကြီးစုရဲကင်းစခန်းမှူး ရဲအုပ်ကျော်မင်းနိုင် နှင့်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသူ/ရွာသားများ ပူးပေါင်း၍ ရှာဖွေလျှက်ရှိကြောင်း သိရသည်။

Chit Sann
ရေဦး မူးမြစ်အတွင်း ကျောင်းသား ၉ ဦး ရေဆင်းချိုးရာမှ ၂ ဦးပျောက်ဆုံး ရေဦး မူးမြစ်အတွင်း ကျောင်းသား ၉ ဦး ရေဆင်းချိုးရာမှ ၂ ဦးပျောက်ဆုံး Reviewed by THITHTOOLWIN on 21:24 Rating: 5
Powered by Blogger.