ချောက်မြို့၌ မိမိကိုယ်ကို ဓာတ်ဆီလောင်း မီးရှို့သေဆုံး


၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့ ၀၆၃၀ အချိန် ချောက်မြို့ (၇)ရပ်ကွက်ရှိ သမအသင်းပိုင် ဆန်ဂိုထောင်ပျက် ၂ လုံးကြား၌ သက်နိုင်ဝင်း(ခ)ရွှေအ(၃၈)နှစ် သည် တစ်ကိုယ်လုံး မီးလောင်ကျွမ်းသေဆုံးနေကြောင်း သတင်းအရ ချောက်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ၎င်း၏ဝဲဘက် ခြေထောက်အနီး မီးလောင်ကျွမ်းထားသည့် ဓာတ်ဆီနံ့ရ ရေသန့်ဗူးခွံအပိုင်းနှင့် ဂက်စ်မီးခြစ် တစ်လုံးတို့အား တွေ့ရှိ ခဲ့ပါသည်။

စိစစ်ချက်အရ သက်နိုင်ဝင်း(ခ)ရွှေအသည် အရက်ကြာရှည်စွာသောက်စားမှုကြောင့် ယခင် ရက်များက စိတ်လွတ်ပြီး ဧရာဝတီမြစ်အတွင်းသို့ ခုန်ချခြင်း၊ အိမ်ပေါ်မှ ခုန်ချခြင်းများ ပြုလုပ်ခဲ့ပြီး ယခု မိမိကိုယ်ကို ဓာတ်ဆီလောင်းမီးရှို့သေဆုံးခြင်းဖြစ်ကြောင်း သိရှိရ၍ ၀၈၁၀ အချိန်တွင် အလောင်းအား ချောက်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့အပ်ခဲ့ကြောင်းနှင့် ၀၉၄၅ အချိန်တွင် ချောက်မြို့မ ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် (၂/၂၀၁၈)ဖြင့် ဖွင့်လှစ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိ ပါသည်။

Ministry of Home Affairs, Myanmar
https://www.facebook.com/officemohamyanmar/
ချောက်မြို့၌ မိမိကိုယ်ကို ဓာတ်ဆီလောင်း မီးရှို့သေဆုံး ချောက်မြို့၌ မိမိကိုယ်ကို ဓာတ်ဆီလောင်း မီးရှို့သေဆုံး Reviewed by THITHTOOLWIN on 21:37 Rating: 5
Powered by Blogger.