မြဝတီမြို့၌ ပစ္စတို ၂ လက်နှင့် ကျည် ၃ တောင့် ဖမ်းဆီးရမိ


၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့ ၂၃၄၅ အချိန်တွင် မြဝတီခရိုင်ရဲတပ်ဖွဲ့မှူး၊ ရတ ခလရ (၂၈၃)ရင်းမှ တပ်မတော်သားများ၊ မြဝတီမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ခစတတပ်နယ် (၃) တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မြဝတီမြို့အဝင် ကြက်လျှာစွန်း လမ်းဆုံ၌ ပိတ်ဆို့စစ်ဆေးနေစဉ် ပစ္စတို ၂ လက်နှင့် ကျည် ၃ တောင့် ဖမ်းဆီးရမိကြောင်း ပြည်ထဲရေး ၀န်ကြီး ဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

 အောင်ဆွေ(၄၀)နှစ် မောင်းနှင်လာသည့် နံပါတ်မပါ Honda Fit ယာဉ်အား စစ်ဆေးခဲ့ရာမှာ အောင်ဆွေ၏ဝဲဘက်ထိုင်ခုံပေါ်မှ သြစတေးလျနိုင်ငံထုတ် ပစ္စတို ၁ လက်၊ ၎င်းကျည် အိမ် ၁ ခု(ကျည်မပါ)၊ တူရကီနိုင်ငံထုတ် ပစ္စတို ၁လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၎င်းကျည် ၃ တောင့် တို့အား ဖမ်းဆီးရမိခဲ့သဖြင့် အောင်ဆွေအား မြဝတီမြို့မရဲစခန်း၌ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

သစ်ထူးလွင်
မြဝတီမြို့၌ ပစ္စတို ၂ လက်နှင့် ကျည် ၃ တောင့် ဖမ်းဆီးရမိ မြဝတီမြို့၌ ပစ္စတို ၂ လက်နှင့် ကျည် ၃ တောင့် ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 21:41 Rating: 5
Powered by Blogger.