ပိုးသတ်ဆေးဖျန်းသွားသည့် မိန်းကလေး ပိုးသတ်ဆေး သောက်မိသေဆုံး


တောင်တွင်းကြီး ဖေဖော်ဝါရီ ၎

တောင်တွင်းကြီးမြို့နယ်တွင် ယမန်နေ့က ပိုးသတ်ဆေးသွားဖျန်း သည့် မိန်းကလေးတစ်ဦး ပိုးသတ် ဆေးသောက်မိသေဆုံးခဲ့ကြောင်း တောင်တွင်းကြီးမြို့မရဲစခန်းမှ သိရ သည်။

ဖြစ်စဉ်မှာ ယမန်နေ့ ည ၁ဝ နာရီက တောင်တွင်းမြို့နယ် ကျောင်း ကုန်းကျေးရွာနေ မအေးမြင့်သန်း (၃ဝနှစ်)သည် ပိုးသတ်ဆေး သောက်၍တောင်တွင်းကြီးမြို့နယ် ဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားကြောင်း သတင်းအရ တောင်တွင်းကြီးမြို့မရဲစခန်းမှူး ဒုရဲမှူးသိန်းထွန်း သွားရောက် စစ် ဆေးခဲ့သည်။

 သေဆုံးသူ မအေး မြင့်သန်းသည် ရွာ၏အနောက် မြောက်ဘက်ရှိ မိသားစုပိုင် ယာ ခင်းထဲသို့ ပိုးသတ်ဆေးဖျန်းရန် ယင်းနေ့ မွန်းလွဲ ၃ နာရီခွဲကထွက် သွားခဲ့ရာမှ ညနေ ၅ နာရီအချိန် အထိ ပြန်မလာသဖြင့် မိခင်ဖြစ်သူ ဒေါ်တင်ဝိုင်းမှလိုက်သွားခဲ့ရာမအေး မြင့်သန်းအား ယာခင်းအလယ် အပင်များကြားတွင် ပါးစပ်မှအမြှုပ် များထွက်၍ မှောက်လျက်လဲကျ နေသည်ကိုတွေ့ရှိခဲ့ပြီး ၄င်း၏ ယာဘက်သုံးပေခန့်အကွာတွင် ကလပ်စတာ ပိုးသတ်ဆေးရည် ပုလင်းအားတွေ့ရ၍ ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရာ ည ၉ နာရီခွဲ တွင် သေဆုံးသွားကြောင်း စစ်ဆေး သိရှိခဲ့ခြင်းဖြစ်သည်။

ယင်းအမျိုးသမီးသေဆုံးမှုနှင့် ပတ်သက်၍ ဒုရဲမှူးသိန်းထွန်းမှ တရားလိုပြုတိုင်ကြားခဲ့၍ တောင် တွင်းကြီးမြို့နယ် မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ်၂/၂ဝ၁၈ ဖြင့်အမှု ဖွင့်စစ်ဆေးလျက်ရှိသည်။

နွယ်နွယ်(မကွေး)
The Union Daily
https://www.facebook.com/uniondaily.net

ပိုးသတ်ဆေးဖျန်းသွားသည့် မိန်းကလေး ပိုးသတ်ဆေး သောက်မိသေဆုံး ပိုးသတ်ဆေးဖျန်းသွားသည့် မိန်းကလေး ပိုးသတ်ဆေး သောက်မိသေဆုံး Reviewed by THITHTOOLWIN on 21:31 Rating: 5
Powered by Blogger.