အိန္ဒိယ သင်္ဘောသားတွေပါတဲ့ သင်္ဘော ပြန်ပေးဆွဲ ခံရဖွယ်ရှိ

အိန္ဒိယ သင်္ဘောသားတွေပါတဲ့ သင်္ဘော ပြန်ပေးဆွဲ ခံရဖွယ်ရှိ
အိန္ဒိယ သင်္ဘောသား ၂၂ ဦးပါတဲ့ ရေနံတင် သင်္ဘော မရိန်း အိတ်စ်ပရတ်စ် ဟာ အာဖရိက အနောက်ဘက် က ဘန်နင်း ကမ်းလွန်မှာ ပျောက်ဆုံးနေပါတယ်။

ဒီသင်္ဘောကို ပြီးခဲ့တဲ့ ကြာသပတေး နေ့က နောက်ဆုံး အဆက်အသွယ် ရရှိ ခဲ့တာ ဖြစ်ပြီး အခုတော့ ဘန်နင်း ရေတပ်ကနေ ရှာဖွေနေတယ်လို့ နိုင်ငံတကာ ပင်လယ် ရေကြောင်း ထိန်းသိမ်း စောင့်ကြည့်ရေး ဗျူရို က ပြောပါတယ်။

ဒါဟာ ပင်လယ် ဓားပြတွေ ပြန်ပေးဆွဲ သွားတာ ဖြစ်ဖို့ များနေပါတယ်။
ပြီးခဲ့တဲ့ တလ မပြည့်ခင်ကလည်း ဒီနေရာမှာပဲ သင်္ဘောတစီး ပြန်ပေး ဆွဲခံခဲ့ရပြီး၊ အဲဒီတုန်း ကတော့ ၆ ရက် အကြာမှာ ငွေနဲ့ ပြန်ရွေးခဲ့ရတာပါ။

အရင်နှစ်ကတော့ ဂီနီ ပင်လယ်ကွေ့ နိုင်ဂျီးရီးယားနဲ့ ဘန်နင်း ကမ်းလွန်ပင်လယ် ပြင်မှာ သင်္ဘော အစီးရေ ၄၄ စီး ပြန်ပေးဆွဲ ခံခဲ့ရပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese/
အိန္ဒိယ သင်္ဘောသားတွေပါတဲ့ သင်္ဘော ပြန်ပေးဆွဲ ခံရဖွယ်ရှိ အိန္ဒိယ သင်္ဘောသားတွေပါတဲ့ သင်္ဘော ပြန်ပေးဆွဲ ခံရဖွယ်ရှိ Reviewed by THITHTOOLWIN on 05:34 Rating: 5
Powered by Blogger.