အမေရိကန်မှာ ရထား ၂ စင်းတိုက် လူ ၂ ဦးသေ


အမေရိကန် တောင်ကာရိုလိုင်းနားမှာ ခရီးသည်တင် ရထား တစင်းဟာ ရပ်နေတဲ့ ကုန်တင်ရထား တစင်းကို ၀င်တိုက် မိလို့ လူ ၂ ဦးသေဆုံး သွားပြီး တခြား လူ ၁ ရာကျော် ဒဏ်ရာ ရရှိသွား ပါတယ်။

ခရီးသည်တင် ရထားဟာ လမ်းကြောင်း မှားပြီး မောင်းနေတာ ဖြစ်နိုင်တယ်လို့ တောင်ကာရိုလိုင်းနား ပြည်နယ် ၀န်ကြီးချုပ်က ပြောပါတယ်။

သေဆုံးသူ ၂ ဦးစလုံးဟာ မီးရထားက အော်ပရေတာ ၀န်ထမ်းတွေ ဖြစ်ကြပါတယ်။

သမ္မတ ဒေါ်နယ် ထရမ့် ကလည်း သေဆုံးသူ မိသားစု အတွက် ၀မ်းနည်းကြောင်း ပြောပါတယ်။

ဒါဟာ လပေါင်း အတော်ကြာ အတွင်း အမေရိကန် မီးရထား လမ်းကြောင်းမှာ တတိယ မြောက် ရထားတိုက်မှု ဖြစ်ပါတယ်။

ဘီဘီစီမြန်မာပိုင်း
BBC Burmese
https://www.facebook.com/bbcburmese/
အမေရိကန်မှာ ရထား ၂ စင်းတိုက် လူ ၂ ဦးသေ အမေရိကန်မှာ ရထား ၂ စင်းတိုက် လူ ၂ ဦးသေ Reviewed by THITHTOOLWIN on 05:34 Rating: 5
Powered by Blogger.