ကာမိုင်းမြို့နှင့် ကာမိုင်း-လဝါးလမ်းဆုံအကြားရှိ တံတားအနီး မိုင်းတစ်လုံးတွေ့ရှိ


ကာမိုင်း ဖေဖော်ဝါရီ ၎

ကာမိုင်းမြို့နှင့် ကာမိုင်း-လဝါးလမ်းဆုံကြား တံတားအနီး လက်လုပ်မိုင်းတစ်လုံး တွေ့ရှိခဲ့ ကြောင်း သိရသည်။

ကာမိုင်းမြို့နှင့် ကာမိုင်း- လဝါးလမ်းဆုံကြားတံတားအနီးတွင် ဖေဖော်ဝါရီ ၄ ရက် ညနေ ၅ နာရီ ၁၅ မိနစ်ခန့်က ကေအိုင်အေမှ မိုင်းထောင်ထားသော အလျား ၈ လက်မ၊ အနံ ၄ လက်မခန့်ရှိ လက်လုပ်မိုင်းတစ်လုံး တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ လက်လုပ်မိုင်းအား အများပြည်သူအ္တရာယ်ကင်းရှင်းစေရေးအတွက် နယ်မြေခံတပ်မတော်မှ ညနေ ၅နာရီ မိနစ် ၅ဝ ခန့်တွင် နယ်မြေရှင်းလင်းခဲ့ကြောင်း သိရသည်။

မင်းမင်းဦး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ကာမိုင်းမြို့နှင့် ကာမိုင်း-လဝါးလမ်းဆုံအကြားရှိ တံတားအနီး မိုင်းတစ်လုံးတွေ့ရှိ ကာမိုင်းမြို့နှင့် ကာမိုင်း-လဝါးလမ်းဆုံအကြားရှိ တံတားအနီး မိုင်းတစ်လုံးတွေ့ရှိ Reviewed by THITHTOOLWIN on 10:07 Rating: 5
Powered by Blogger.