တာချီလိတ်နှင့် မိုင်းဆတ်မြို့အကြား ဗဟိုပြုပြီး ငလျင်လှုပ်


တာချီလိတ် ဖေဖော်ဝါရီ ၎

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ဒေသတွင် ဖေဖော်ဝါရီ ၃ ရက်မှ ၄ ရက်အထိ နှစ်ရက်တာအတွင်း မြေငလျင်ခြောက်ကြိမ် လှုပ်ခတ်ခဲ့သည်။ တာချီလိတ်မြို့နှင့် မိုင်းဆတ်မြို့အကြားတွင် ဗဟိုပြုပြီး ဖေဖော်ဝါရီ ၃ ရက် ည ၉ နာရီ ၅၉ မိနစ် ၁၁ စက္ကန့် ခန့်က ၅ ဒသမ ၁ အင်အားရှိ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ၁ဝ နာရီ ၁ မိနစ် ၅ဝ စက္ကန့်တွင် ၃ ဒသမ ၇၊ ၁ဝ နာရီ ၁၃ မိနစ် ၃၉ စက္ကန့်တွင် ၃ ဒသမ ၃ ရစ်ခ်ျတာစကေးရှိ ငလျင်ငယ်နှစ်ခု ထပ်မံလှုပ်ခတ်ခဲ့သည်။

ဖေဖော်ဝါရီ ၄ ရက်အကူး ညသန်းခေါင်ယံ ဝဝ နာရီ ၄၄ မိနစ် ၉ စက္ကန့်တွင် ၄ ဒသမ ဝ၊ ၄ နာရီ ၁၅ မိနစ် ၃၂ စက္ကန့်တွင် ၂ ဒသမ ၂ ၊ ၄ နာရီ ၂၂ မိနစ် ၃၇ စက္ကန့်တွင် ၂ ဒသမ ၃ ရစ်ခ်ျတာ စကေးရှိ မြေငလျင်များ ထပ်မံလှုပ်ခတ်ခဲ့ရာ နံနက် ၁၁ နာရီ မိနစ် ၂ဝ အထိ မြေငလျင်ခြောက်ကြိမ် လှုပ်ခတ်ခဲ့သည်။

 (အဆိုပါ ငလျင်လှုပ်ခတ်မှုဖြစ်စဉ်များကို ထိုင်းနိုင်ငံ ငလျင် တိုင်းတာရေးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။)

၂ဝ၁၁ ခုနှစ် မတ် ၂၄ ရက်က အင်အား ၇ ဒသမ ၁ ရစ်ခ်ျတာ စကေးရှိ နာမည်ကျော် တာလေငလျင်ကြီးလှုပ်ခတ်ခဲ့ရာတွင် ပြည်သူ ၇၆ ဦး သေဆုံးခဲ့ပြီး နေအိမ်အဆောက်အအုံများ အများ အပြားပျက်စီးဆုံးရှုံးခဲ့ရသည့်အတွက် ဒေသခံပြည်သူများမှာ စိုးရိမ်မှုများရှိနေကြကြောင်း သိရသည်။

မောင်ယဉ်ကျေး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
တာချီလိတ်နှင့် မိုင်းဆတ်မြို့အကြား ဗဟိုပြုပြီး ငလျင်လှုပ်  တာချီလိတ်နှင့် မိုင်းဆတ်မြို့အကြား ဗဟိုပြုပြီး ငလျင်လှုပ် Reviewed by THITHTOOLWIN on 10:07 Rating: 5
Powered by Blogger.