ညောင်ဦးမြို့ နယ်မှာ ဓားဖြင့်ခြိမ်းခြောက် ပစ္စည်းတောင်းယူသူများအား ဖမ်းဆီးအရေးယူထား

ခြောက်လှန့်ပစ္စည်းတောင်းယူသူများအား ဖမ်းဆီးအရေးယူထား
နေပြည်တော်၊ ဖေဖော်ဝါရီ ၎

၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက် ၈ နာရီအချိန် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ဟင်္သာကျွန်းရွာနေ မောင်ဟိန်းထက်အောင်(၁၉)နှစ်သည် သမီးရည်းစားဖြစ်သူ ပခုက္ကူမြို့၊ (၁၁)ရပ်ကွက်နေ မသက်သက်ဝေနှင့်အတူ ညောင်ဦးမြို့၊ ကျောက်ဂူဥမင်းဘုရားရှေ့ ဘန်ဂလိုအနီးတွင် စကားထိုင်ပြောနေစဉ် အမည်မသိ လူငယ်(၃)ဦးမှဆိုင်ကယ်ဖြင့် ရောက်ရှိ လာပြီး ဓားဖြင့်ခြိမ်းခြောက်ကာ မောင်ဟိန်းထက်အောင်ထံမှ Samsung J2 ရွှေရောင်ဖုန်း(၁)လုံး၊ မသက်သက်ဝေထံမှ OPPO Neo 7 အနက်ရောင်ဖုန်း တစ်လုံး၊ ရွှေလက်စွပ်(၁)ကွင်း၊ ငွေစက္ကူ ရောရာ(၃၅၀၀၀)ထည့်ထားသည့် အပြာရောင်အမျိုးသမီး လက်ကိုင်အိတ်(၁)လုံးတို့အား ခြောက်လှန့် တောင်းယူသွားခဲ့သည်။

 မောင်ဟိန်းထက်အောင်မှ သူငယ်ချင်း ဖြစ်သူနှင့်အတူ ပြန်လာစဉ် ပခုက္ကူ-မြိုင်ကားလမ်း၌ ၎င်းထံမှပစ္စည်းများ ခြောက်လှန့်တောင်းယူသွားသူတစ်ဦးအား တွေ့ရှိသဖြင့် ဝိုင်းဝန်းဖမ်းဆီးကာ ပခုက္ကူမြို့မရဲစခန်းသို့ အပ်နှံခဲ့ပြီး စစ်ဆေးမေးမြန်းရာ သိမ်ကုန်း ကျေးရွာနေ ပေါက်စီ(ခ)ချစ်သဲဦး(၂၀)နှစ်ဖြစ်ပြီး ၎င်းနှင့်အတူ တစ်ရွာတည်းနေ စိုးလင်းအောင်(၂၀)နှစ်နှင့် လယ်ယာကြီးကျေးရွာနေ ဖိုးလပြည့်(၂၁)နှစ်တို့ပါဝင်ကြောင်း စစ်ဆေးသိရှိရသဖြင့် ၎င်းတို့(၃)ဦးအား ညောင်ဦးမြို့မရဲစခန်း(ပ)၆၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၆/၁၁၄ ဖြင့် အမှုဖွင့်ဖမ်းဆီးအရေးယူ ထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်

ညောင်ဦးမြို့ နယ်မှာ ဓားဖြင့်ခြိမ်းခြောက် ပစ္စည်းတောင်းယူသူများအား ဖမ်းဆီးအရေးယူထား  ညောင်ဦးမြို့ နယ်မှာ ဓားဖြင့်ခြိမ်းခြောက် ပစ္စည်းတောင်းယူသူများအား ဖမ်းဆီးအရေးယူထား Reviewed by THITHTOOLWIN on 05:40 Rating: 5
Powered by Blogger.