မြန်မာလုပ်သားတစ်ဦး အလုပ်ချိန်အတွင်း စက်သန့်ရှင်းရေးလုပ်နေစဉ် ကော်ကြိတ်စက်ညပ်သေဆုံး


ကော့သောင်း ဖေဖော်ဝါရီ ၁၄

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အနီး မဟာချိုင်နယ်မြေ ပလတ် စတစ်ကြိတ်စက်ရုံတွင်အလုပ်လုပ် ကိုင်လျက်ရှိသည့် မြန်မာအလုပ် သမားတစ်ဦး ကြိတ်စက်အတွင်း ပြုတ်ကျသေဆုံးခဲ့သည့်ဖြစ်စဉ်တစ် ခု ယခုလ ၁၂ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သေဆုံးသူမြန်မာအလုပ်သမား မှာ ကိုကျော်မင်းထိုက်(၂၇နှစ်) ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတ မြို့ သပြေကုန်းရွာဇာတိဖြစ် ကြောင်း၊ အခင်းဖြစ်ပွားမည့်နံနက် ပိုင်းတွင် စက်ရုံ၏ပလတ်စတစ် ပစ္စည်းများကြိတ်သည့်စက်ကို သန့် ရှင်းရေးလုပ်ငန်းများဆောင်ရွက် စဉ် စက်အတွင်းသို့ မတော်တဆ ပြုတ်ကျသေဆုံးခြင်းဖြစ်ကြောင်း၊ ၄င်းသေဆုံးချိန်တွင် ဇနီးဖြစ်သူ မအိသန္တာအောင်မှာကိုယ်ဝန်သုံးလ ဖြင့်ကျန်ခဲ့ကြောင်း သိရသည်။

အခင်းဖြစ်စဉ်နှင့်ပတ်သက်၍ အလုပ်ရုံပိုင်ရှင်မှ နစ်နာကြေးဘတ် ငွေသုံးသောင်းသာပေး၍အလောင်း အား မဲဆောက်မြို့သို့သယ်ယူမည် ဆိုပါက သယ်ယူသွားနိုင်ကြောင်း တာဝန်မဲ့ပြောဆိုလာသဖြင့် ဇနီး ဖြစ်သူက ထိုင်းနိုင်ငံအခြေစိုက် မြန်မာအလုပ်သမား အခက်အခဲ များအား လိုက်လံအကူအညီပေး လျက်ရှိသည့်AAC မဟာမိတ်အဖွဲ့ (ယာယီဖျက်သိမ်း)ထံသို့ အကူ အညီတောင်းခံလာသဖြင့်ထိုင်းနိုင်ငံ ၏ အလုပ်သမားဥပဒေနှင့်အညီ ထိုက်သင့်သည့်နစ်နာကြေးများ ရရှိ နိုင်ရန် လိုက်လံကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)
The Union Daily
https://www.facebook.com/uniondaily.net/
မြန်မာလုပ်သားတစ်ဦး အလုပ်ချိန်အတွင်း စက်သန့်ရှင်းရေးလုပ်နေစဉ် ကော်ကြိတ်စက်ညပ်သေဆုံး မြန်မာလုပ်သားတစ်ဦး အလုပ်ချိန်အတွင်း စက်သန့်ရှင်းရေးလုပ်နေစဉ် ကော်ကြိတ်စက်ညပ်သေဆုံး Reviewed by THITHTOOLWIN on 16:19 Rating: 5
Powered by Blogger.