တာချီလိတ်၌ ဥူးဇင်းတစ်ပါး ဓါတ်လိုက်ပျံလွန်တော်မူဖြစ်ပွား

 ရွှေသာလျှောင်းဘုန်းကြီးကျောင်း၌ ဥူးဇင်းတစ်ပါး ဓါတ် လိုက်ပျံလွန်တော်မူ။ ။ ဓါတ်ပုံ - Ko Hla Moe
တာချီလိတ် ဖေဖော်ဝါရီ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ ဝမ်လုံးအုပ်စု၊ ဝမ်ကျောက်လုံရွာ၊ ရွှေသာလျှောင်းဘုန်းကြီးကျောင်း၌ ဥူးဇင်းတစ်ပါး ဓါတ် လိုက်ပျံလွန်တော်မူသည့်ဖြစ်စဉ် ဖေဖော်ဝါရီ ၁၃ ရက်နေ့ည ၈ နာရီက ဖြစ်ပွားခဲ့ကြောင်း မြို့မရဲစခန်းမှ သိရသည်။

ဖေဖော်ဝါရီ ၁၃ ရက်နေ့ည ၈ နာရီအချိန်တွင် တာချီလိတ်မြို့၊ ဝမ်လုံးအုပ်စု၊ ဝမ်ကျောက်လုံရွာ၊ ရွှေသာလျှောင်းဘုန်းကြီးကျောင်းတွင် ဥူးဇင်းတစ်ပါး ဓါတ်လိုက်ပျံ လွန်တော်မူကြောင်း သတင်းအရ တာချီလိတ် မြို့မစခန်းမှူး ဒုရဲမှူး မျိုးခိုင်၊ တာဝန်မှူး ရဲအုပ် ကျော်မိုးလွင်တို့အဖွဲ့မှ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ရွှေသာ လျှောင်းဘုန်းကြီး ကျောင်း အနောက်ဖက် ရေမြောင်းဘေးတွင် ရှင်သုစံသ မှာမှောက်လျက် အနေထားဖြင့် ပြင်ပဒဏ်ရာမရှိဘဲ ဓါတ်လိုက်သေဆုံးနေသည်ကို တွေ့ရှိ ရသဖြင့် ဖြစ်စဉ်အား စစ်ဆေးရာ ရှင်သုစံသ သည် ဘုန်းကြီးကျောင်း အ နောက်ဘက်ပေ ၃၀ဝ ခန်အကွာရှိ ရေမြောင်းတွင် ရေအားလျှပ်စစ် မော် တာပြုလုပ်ကာ ဘုန်းကြီးကျောင်းသို့ သွယ်တန်းထားရာမှ လျှပ်စစ်မီး မ လာသဖြင့် လျှပ်စစ်မီးကြိုးများအား လိုက်လံကြည့်ရှု စစ်ဆေးစဉ် ရေအား လျှပ်စစ်မော်တာ အထိုင်နှင့်ပေ ၅၀ခန့် အကွာတွင် လျှပ်စစ်မီးကြိုးမှာ ပေါက်နေသဖြင့် ပြုပြင်စဉ် ခြေထောက်တစ်ဘက်မှာ ရေမြောင်းအတွင်းသို့ ရောက်နေသဖြင့် ဓါတ်လိုက်ကာ သေဆုံးသွားခြင်းဖြစ်ကြောင်း စစ်ဆေး သိရှိရသဖြင့် တာချီလိတ် ပြည်သူ့ဆေးရုံကြီးသို့ ဆေးစာရေးသား ပို့အပ် ခဲ့သည်။

အမှုမှာ ရှင်သုစံသ၊ ရွှေသာလျှောင်းဘုန်းကြီးကျောင်း၊ ဝမ်ကျောက် လုံရွာ၊ ဝမ်လုံးအုပ်စု၊ တာချီလိတ်မြို့ နေသူ သေဆုံးခြင်းနှင့်ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ်စစ်ဆေးနိုင်ရန် သေမှုသေခင်း ရေးဖွင့် ဆောင်ရွက် ထားကြောင်း သိရသည်။

မြင့်မိုရ်(တာချီလိတ်)
တာချီလိတ်၌ ဥူးဇင်းတစ်ပါး ဓါတ်လိုက်ပျံလွန်တော်မူဖြစ်ပွား တာချီလိတ်၌ ဥူးဇင်းတစ်ပါး ဓါတ်လိုက်ပျံလွန်တော်မူဖြစ်ပွား Reviewed by THITHTOOLWIN on 16:17 Rating: 5
Powered by Blogger.