ရိုက်တာ သတင်းထောက် နှစ်ဦးကို ရုံးထုတ်

ရိုက်တာသတင်းထောက် ကိုသက်ဦးမောင်မောင် (ခေါ်) ဝလုံးကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ရုံးထုတ်လာသည်ကို တွေ့ရစဉ်/ Photo: Htet Arkar/ RFA
ရိုက်တာ သတင်းထောက် နှစ်ဦး အမှုနဲ့ ပတ်သက်တဲ့ ရဲ​ နေ့စဉ်​မှတ်​တမ်းတွေကို တရားရုံးထံ တင်​ပြဖို့ ရိုက်တာ သတင်း​ထောက်​ နှစ်​ဦးရဲ့​ ရှေ့​နေ​တွေက ဒီနေ့ ရုံး​တော်​ကို​ လျှောက်​ထား​ပေမယ့်​ တရားသူကြီးက ပယ်​ချလိုက်ပါတယ်​။

ကိုဝလုံး နဲ့ ကိုကျော်စိုးဦး တို့ကို ဒီကနေ့ ရန်ကုန်မြို့ မြောက်ပိုင်းခရိုင် တရားရုံးမှာ ရုံးထုတ်ခဲ့တာ ဖြစ်ပါတယ်။ တရားလိုပြ သက်သေ ဒုရဲအုပ် မျိုးကိုကို ကို စစ်ဆေးခဲ့ရာမှာ ရိုက်တာ သတင်းထောက် ၂ ဦး က ဖမ်းဆီးစဉ်က ဒုရဲအုပ် မျိုးကိုကို မပါရှိပေမယ့် ဒီနေ့ တရားရုံးမှာ ထွက်ဆိုချိန်မှာတော့ ဖမ်းဆီးစဉ်မှာ ပါရှိတယ်လို့ ထွက်ဆိုခဲ့ကြောင်း ကိုကျော်စိုးဦး က ရုံးချိန်းအပြီးမှာ ပြောခဲ့ပါတယ်။

မောင်တောမြို့နယ် အင်းဒင်ကျေးရွာမှာ မွတ်စလင် အမျိုးသား ၁၀ ဦး အသတ်ခံရတဲ့ ကိစ္စကို ရိုက်တာ သတင်းဌာနက ပြီးခဲ့တဲ့ရက်ပိုင်းက ကိုဝလုံး နဲ့ ကိုကျော်စိုးဦးတို့  နာမည်နဲ့ သတင်းဖော်ပြခဲ့ပါတယ်။

အဲဒီဖော်ပြချက်ကြောင့် ကိုဝလုံး နဲ့ ကျော်စိုးဦးတို့ နှစ်ဦးအမှုကို တိုက်ရိုက်ထိခိုက်မှုမရှိနိုင်ဘူးလို့ သူတို့ရဲ့ လွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က မှတ်ချက်ပြုပြောပါတယ်။

နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေနဲ့ တရားစွဲဆို ဖမ်းဆီးခံထားရတဲ့ ကိုဝလုံး နဲ့ ကိုကျော်စိုးဦးက တရားရုံးထုတ်အပြီးမှာ သူတို့ဟာ သတင်းမီဒီယာကျင့်ဝတ်နဲ့အညီ သတင်းကို ဖော်ပြခဲ့တာဖြစ်ပြီး အဲဒီလိုဖော်ပြတဲ့အတွက် တရားဥပဒေစိုးမိုးရေးကို အထောက်အကူဖြစ်စေခဲ့တယ်လို့ ပြောခဲ့ပါတယ်။

အဲဒီအမှုနဲ့ပတ်သက်ပြီး ဒီနေ့အထိ တရားလိုပြသက်သေတွေကို စစ်ဆေးနေတာဖြစ်ပြီး နောက်ထပ် သက်သေ အယောက် ၂၀ ကျော် ကျန်နေပါသေးတယ်။

RFA Burmese
https://www.rfa.org/burmese
ရိုက်တာ သတင်းထောက် နှစ်ဦးကို ရုံးထုတ် ရိုက်တာ သတင်းထောက် နှစ်ဦးကို ရုံးထုတ် Reviewed by THITHTOOLWIN on 20:23 Rating: 5
Powered by Blogger.