ဘုရားဖူး မှန်လုံယာဉ်မှ ဘရိတ်ပေါက်၍ ဆိုင်ကယ် (၃)စီးနှင့် မော်တော်ယာဉ်(၃)စီးအား (၄) ဆင့် ဆက်တိုက်မှု ဖြစ်ပွား


မန္တလေး၊ ဖေဖော်ဝါရီ ၁၅

၁၅-၂-၂၀၁၈ ရက်နေ့ ၁၃၂၀ အချိန်ခန့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ၊ ပြင်ဦးလွင်-မန္တလေး အဆင်းကားလမ်း (အိုးတလုံးကွေ့အနီး) မိုင်တိုင်(၁၆/၄နှင့်၁၆/၅)ကြားတွင် ယာဉ် မောင်း မုတ်ဆိတ်(စိစစ်ဆဲ)မောင်းနှင်ပြီး ခရီးသည်(၅၆)ဦးလိုက်ပါစီးနင်းလာသော 8J/3570 ပန်ဒါ၊ အဖြူရောင် (စုစုထွန်းဘုရားဖူး) မှန်လုံယာဉ်မှာ ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ ရှေ့မှမောင်းနှင်နေသော ဆိုင်ကယ်(၃)စီးအား တိုက်မိပြီး အမျိုး သား ၁ ဦးသေ / ၃ ဦး ဒဏ်ရာရရှိ ကြောင်း သိရသည်။

ဆက်လက်ပြီး FF/ 6855 AD ဗင် အဖြူရောင်(အဌားယာဉ်) အား ထပ်မံတိုက်မိ၍ တိမ်းရှောင်ရာမှ 2L/5597 Toyota Premeio ဇီးရောင်၊ အိမ်စီးယာဉ်နှင့် 6D/6606 Hiace အဖြူ ရောင်(အဌားယာဉ်) တို့အား ထပ်မံ တိုက်မိ၍ ယာဉ်(၄)ဆင့် ဆက်တိုက်မိကာ ရပ်တန့် သွားခဲ့စဉ် ယာဉ်မောင်းမှာ ယာဉ်ကိုထားပြီး ထွက်ပြေးသွားခဲ့ပါသည်။


အဆိုပါ ယာဉ်တိုက်မှုနှင့် ပါတ်သက်၍ သက်ဆိုင်ရာ ပြင်စာရဲစခန်းမှ ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပြီး ယာဉ်ကြောကျပ်တည်းမှုမဖြစ်စေ ရေးအတွက် ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူး ခင်ဇော် မြင့် ဦးစီး၍ အမှတ်(၈၆)ယာဉ်ထိန်းရဲတပ် ဖွဲ့စု(ပုသိမ်ကြီးမြို့နယ်)မှ လမ်းယာဉ်ရှင်း လင်းရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

Mandalay Traffic Police
ဘုရားဖူး မှန်လုံယာဉ်မှ ဘရိတ်ပေါက်၍ ဆိုင်ကယ် (၃)စီးနှင့် မော်တော်ယာဉ်(၃)စီးအား (၄) ဆင့် ဆက်တိုက်မှု ဖြစ်ပွား ဘုရားဖူး မှန်လုံယာဉ်မှ ဘရိတ်ပေါက်၍ ဆိုင်ကယ် (၃)စီးနှင့် မော်တော်ယာဉ်(၃)စီးအား (၄) ဆင့် ဆက်တိုက်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 11:28 Rating: 5
Powered by Blogger.