အမ်းမြို့နယ်တွင် ဆိုင်ကယ်ခိုးယူသူများအား ဖမ်းဆီးရမိ


ရခိုင်​​ဂေဇက်​၊ ဖေဖော်ဝါရီ ၁၆

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်အတွင်း ၂၀၁၈-ခုနှစ် အတွင်း ဆိုင်ကယ်ခိုးယူ မှု(၃)မှု ဖြစ်ပွားခဲ့ရာ​ဖေဖော်ဝါရီ ၁၄ ရက် နေ့လည်(၁၂.၀၀)နာရီ အချိန်တွင် အမှုနှင့်​ပတ်​သက်​​သောတရားခံ(၄)ဦးအား ဖမ်းဆီးရမိခဲ့ပြီးအမှုမှ ဆိုင်ကယ်(၃)စီးအပြင် အခြားဆိုင်ကယ်ခိုးမှု (၅)မှုကိုပါ စစ်ဆေးဖော်ထုတ်နိုင်ခဲ့ကြောင်းအမ်းမြို့နယ်​ရဲစခန်းမှသိရသည်။

အဆိုပါ အမှုနှင့်​ပတ်​သက်​၍အမ်းမြို့နယ်ရဲတပ်
ဖွဲ့မှူး ရဲမှုးထွန်းအေး၏ ကြီးကြပ်ကွပ်ကွဲမှုဖြင့်​ စခန်းမှူးများ၊ နယ်ထိန်းရဲတပ်ဖွဲ့ဝင်များမှ စုံစမ်းဖော်ထုတ်မှုကြောင့် ယခုကဲ့သို့ ဖမ်းဆီးရမိခြင်းဖြစ်​​ကြောင်းသိရသည်​။

အဆိုပါ ဆိုင်ကယ်ခိုးယူသူများမှာ အမ်းမြို့နယ် အမ်းမြောက်အုပ်စု အင်ကုန်းကျေးရွာနေ(ဘ) ဦးစိုးနိုင်သိန်း၏သား ပိုင်ဖုန်းနိုင် (ခ) ဂျင်းကောင် (၁၇) နှစ်၊ (ဘ) ဦးကျော်လွင်ဦး၏ သမီး မမျိုးမြတ်မြတ်လွင် (ခ) မျိုးမျိုး (၂၁) နှစ်၊ ရူးကျေးရွာအထက်ပိုင်း (ဘ) ဦးမောင်ဖြူ၏ သား ဆန်းဝင်း (၃၅) နှစ် နှင့် ရူး(ချင်းရွာ)နေ (ဘ) ဦးမောင်လှတင်၏သား ကျောက်သီး (ခ) နေဇော်လင်း (၂၂) နှစ်တို့ဖြစ်​​ကြောင်းသိရသည်​။

ဆက်​စပ်​ပစ္စည်းများနှင့်​အတူ ဖမ်းဆီးရမိ​သော တရားခံ(၄)ဦးအား အမ်းမြို့မ ရဲစခန်း၌ အမှုဖွင့် အရေးယူဆောင်ရွက်ထား ကြောင်း သိရှိရသည်။

ဝင်းအိမွန်(အမ်း/ပြန်ဆက်) ဦးစီးမှူး

Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/
အမ်းမြို့နယ်တွင် ဆိုင်ကယ်ခိုးယူသူများအား ဖမ်းဆီးရမိ အမ်းမြို့နယ်တွင် ဆိုင်ကယ်ခိုးယူသူများအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 11:17 Rating: 5
Powered by Blogger.