ရခိုင်လွှတ်တော် ဥက္ကဋ္ဌ စီးလာသည့် မြန်မာလေကြောင်းပိုင် လေယာဉ် ကျောက်ဖြူလေဆိပ်အဆင်းတွင် တံခါးဖွင့်မရရာမှ ကြန့်ကြာမှု ဖြစ်ပေါ်

(ကြန့်ကြာမှု ဖြစ်ခဲ့ရသည့် လေယာဉ်ကို တွေ့ရှိရစဉ်)
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၇

ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ စစ်တွေမြို့မှ စီးနင်း လိုက်ပါလာသည့် မြန်မာ့လေကြောင်း XY- AJN လေယာဉ်သည် ကျောက်ဖြူ လေဆိပ်သို့ ရောက်ရှိစဉ် ကုန်ပစ္စည်းအချအတင် လုပ်သည့် လေယာဉ်တံခါးဖွင့်မရဘဲ ဖြစ်နေခဲ့သဖြင့် မိနစ် လေးဆယ်ခန့် ကြန့်ကြာမှု ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။

အမည်မဖော်လိုသူ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက “ ကျွန်တော်တို့က စစ်တွေကနေ သံတွဲကို သွားတာပါ။ ကျောက်ဖြူ လေဆိပ်ရောက်တော့ ကုန်ပစ္စည်းတင်တဲ့ လေယာဉ် တံခါးပိတ်က ဖွင့်မရဘူး။ ဖွင့်မရတော့ ပစ္စည်း အချအတင် မလုပ်နိုင်ဘူးပေါ့။ နာရီဝက်ကျော် မိနစ် လေးဆယ်ငါးမိနစ်လောက်တောင် စောင့်ဆိုင်းနေခဲ့ရပါတယ်။ နောက်ဆုံး လေဆိပ်က သံတူရွင်းနဲ့ လာဖွင့်မှ ပွင့်သွားပါတယ်” ဟု ပြောကြားသည်။

ယခုကဲ့သို့ စစ်တွေမှ ပျံတက်လာပြီး ကျောက်ဖြူ လေဆိပ်တွင် လေယာဉ်ကုန်တင်သည့် တံခါးပေါက်ကို သံတူရွင်းဖြင့် ဖွင့်ခဲ့ရသဖြင့် စစ်တွေ- ကျောက်ဖြူ- သံတွဲ- ရန်ကုန် ခရီးစဉ်တွင် လိုက်ပါလာသည့် ခရီးသည်များ အနေဖြင့် စိုးရိမ်စိတ်မျာ ဖြစ်ပေါ်ခဲ့ရသည်ဟု သူက ဆိုသည်။

ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးဆောင်သော လွှတ်တော်ကိုယ်စားလှယ် ၉ ဦးပါ အဖွဲ့သည် သံတွဲမြို့တွင် UNDP မှ ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲ (workshop) သို့ တက်ရောက်ရန် လာရောက်စဉ် ထိုသို့ လေယာဉ် ကြန့်ကြာမှု ဖြစ်ပွားခဲ့သဖြင့် နံနက်ပိုင်းတွင် ပြုလုပ်ရန် ရှိသည့် အလုပ်ရုံဆွေးနွေးပွဲကို မွန်းလွဲ တစ်နာရီမှ ဖွင့်ပွဲ ပြုလုပ်ခဲ့ရကြောင်း သတင်းရရှိသည်။

Narinjara
https://www.facebook.com/Narinjara
ရခိုင်လွှတ်တော် ဥက္ကဋ္ဌ စီးလာသည့် မြန်မာလေကြောင်းပိုင် လေယာဉ် ကျောက်ဖြူလေဆိပ်အဆင်းတွင် တံခါးဖွင့်မရရာမှ ကြန့်ကြာမှု ဖြစ်ပေါ် ရခိုင်လွှတ်တော် ဥက္ကဋ္ဌ စီးလာသည့် မြန်မာလေကြောင်းပိုင် လေယာဉ် ကျောက်ဖြူလေဆိပ်အဆင်းတွင် တံခါးဖွင့်မရရာမှ ကြန့်ကြာမှု ဖြစ်ပေါ် Reviewed by THITHTOOLWIN on 22:53 Rating: 5
Powered by Blogger.