YBS ယာဉ်လိုင်းပေါ်တွင် ခါးပိုက်နှိုက်ပြီး ဆဲဆိုရိုက်နှက်သူများကို ဖမ်းဆီးအရေးယူ


ရန်ကုန်၊ ဖေဖော်ဝါရီ ၇

ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် တရားဥပဒေစိုးမိုးရေးထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့၏အစီအမံဖြင့် ဆောင်ရွက်လျက်ရှိသည့် စီမံချက်အရ ခိုး၊ ဆိုး ၊လု ၊ နှိုက်မှု ကျူးလွန်တတ်သူများ၊ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချသုံးစွဲသူများ၊ ပြည်သူလူထုအပေါ် အနိုင်ကျင့်ဗိုလ်ကျ အုပ်စုဖွဲ့ ကျူးလွန်သူလူဆိုးလူမိုက်များ၊ ပြေး(၄)ပြေးများကို ဖော်ထုတ်ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၇ ရက်နေ့ နေ့လည် ၁ နာရီ အချိန်တွင် မ----သည် လှည်းကူး မြို့နယ်၊ သနပ်ပြင်ကျေးရွာမှ YBS ယာဉ်လိုင်းအမှတ်(၁)ဖြင့် လိုက်ပါလာစဉ် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ နတ်စင်မှတ်တိုင်အရောက်တွင် မ----၏ ငွေကျပ် ၉၀၀၀ ပါ ပိုက်ဆံအိတ်အား လူတစ်ဦးမှ နှိုက်ယူသွား သဖြင့် မ-----မှ ပိုက်ဆံအိတ်အား ပြန်ပေးရန်ပြောရာ အဆိုပါလူမှ မ----၏ ဦးခေါင်းအား လက်သီးဖြင့် ထုခြင်း၊ ဆဲဆိုခြင်း၊ တံတွေးနှင့်ထွေးခြင်းများပြုလုပ်သည့်အပြင် အဆိုပါလူနှင့်အတူ ပါလာသည့် လူနှစ်ဦးမှ ၀ိုင်းဝန်း ဆဲဆိုပြီး လက်လိမ်ချိုးသဖြင့် မ-----တွင် ဖူးရောင်ဒဏ်ရာများရရှိခဲ့ကာ ယာဉ်ပေါ်ပါခရီးသည် မောင်----မှ ၀င်ရောက်ဖျန်ဖြေပေးစဉ် ၎င်းကိုပါဆဲဆိုပြီး တံတွေးနှင့်ထွေးခြင်းများပြုလုပ်၍ ယာဉ်မောင်းမှ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့မရဲစခန်းသို့ ယာဉ်အား မောင်းဝင်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဝင်များမှ စစ်ဆေးရာပြစ်မှုကျူးလွန်သူ များမှာ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၅)ရပ်ကွက်နေ နေဖုန်းအောင်(ခ)ဟိန်းဇော်ဦး (၃၁)နှစ်၊ မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(ဋ)ရပ်ကွက်နေသူများဖြစ်သည့် ထက်အောင်(၃၆)နှစ်နှင့် ဖြိုးဝေထွန်း(ခ) ဖြိုးကြီး (၂၃)နှစ်တို့ဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။

ပေါ်ပေါက်ချက်များအရ နေဖုန်းအောင်(ခ)ဟိန်းဇော်ဦးပါ(၃)ဦးတို့အား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်း(ပ) ၂၈၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂ / ၃၅၄/ ၂၉၄/၁၁၄ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Yangon Police
https://www.facebook.com/yangonpolice/
YBS ယာဉ်လိုင်းပေါ်တွင် ခါးပိုက်နှိုက်ပြီး ဆဲဆိုရိုက်နှက်သူများကို ဖမ်းဆီးအရေးယူ YBS ယာဉ်လိုင်းပေါ်တွင် ခါးပိုက်နှိုက်ပြီး ဆဲဆိုရိုက်နှက်သူများကို ဖမ်းဆီးအရေးယူ Reviewed by THITHTOOLWIN on 22:42 Rating: 5
Powered by Blogger.