သဲကုန်းမြို့နယ်၌ မီးလောင်မှုဖြစ်ပွား


၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ၀၈း၃၀ အချိန် ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ် ရွာသစ်ကုန်း (အလယ်)ကျေးရွာနေ ဒေါ်ကြည်အေး (၇၈)နှစ်သည် အိမ်မီးဖိုခန်း၌ ထမင်း/ဟင်းချက်ရာမှ တစ်ဆင့် မီးလောင်ကျွမ်းခဲ့ရာ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ (၂)ထပ်အိမ် ၂ လုံးဆုံးရှုံးခဲ့ပြီး ၀၉း၀၀ အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။

အဆိုပါမီးလောင်မှုကြောင့် ဒေါ်ကြည်အေးတွင် ဝဲလက်၊ မျက်နှာ မီးလောင်ဒဏ်ရာများ (မစိုးရိမ်ရ)ရရှိခဲ့၍ ၀၈၅၀ အချိန်တွင် အင်းမတိုက်နယ်ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ၀၉၄၅ အချိန်တွင် ဒေါ်ကြည်အေးအား အင်းမနယ်မြေရဲစခန်း(ပ)၇/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၂၈၅ (မီးလောင်မှု) ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Ministry of Home Affairs, Myanmar
သဲကုန်းမြို့နယ်၌ မီးလောင်မှုဖြစ်ပွား သဲကုန်းမြို့နယ်၌ မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 12:30 Rating: 5
Powered by Blogger.