ဖခင်ဖြစ်သူမှ သားဖြစ်သူအား ဓားဖြင့်ထိုး၍ သေဆုံးမှုဖြစ်ပွား


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံတောင်မြို့နယ်၊ (၁၀၅)ရပ်ကွက်မှာ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ည ၉ နာရီအချိန်ခန့် က အရက်မူးနေတဲ့ သားဖြစ်သူကို ဖခင်ဖြစ်သူက ဓားဦးချွန်ဖြင့် ထိုးသဖြင့် သေဆုံးသွားကြောင်း သိရပါသည်။

၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ည ၉ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံတောင် မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သင်္ဃန်းကျွန်း(စံပြ)ဆေးရုံတွင် ဓားဒဏ်ဖြင့် လူနာတစ်ဦးရောက်ရှိ နေ ကြောင်းသတင်းအရ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရပါသည်။

 ဒဏ်ရာရရှိသူမှာ ဒဂုံတောင်မြို့နယ်၊ (၁၀၅)ရပ်ကွက်နေ ကိုနေလင်း(၃၁)နှစ်ဖြစ်ပြီး စစ်ဆေးမေးမြန်းချက်အရ ၎င်းသည် အရက်မူးနေကာ ဖခင်ဖြစ်သူ ဦးလေးမောင်(၆၄)နှစ်နှင့် စကားများစဉ် ဦးလေးမောင်မှ အရိုးအသွား ၇ လက်မခွဲခန့်ရှိ ဓားဦးချွန် စတီးဓားဖြင့်ထိုး၍ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓားထိုးခံရသူမှာ ဆေးရုံရောက်ာပြီး ၁၀ မိနစ်ခန့်အကြာတွင် သေဆုံးသွား သောကြောင့် ဦးလေးမောင် အား ဒဂုံတောင်မြို့မရဲစခန်း(ပ)၄၃၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
ဖခင်ဖြစ်သူမှ သားဖြစ်သူအား ဓားဖြင့်ထိုး၍ သေဆုံးမှုဖြစ်ပွား ဖခင်ဖြစ်သူမှ သားဖြစ်သူအား ဓားဖြင့်ထိုး၍ သေဆုံးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 22:53 Rating: 5
Powered by Blogger.