မီးတားရန် မီးရှို့ရာမှ သမီးဖြစ်သူ မီးလောင် သေဆုံး

အောင်လံမြို့နယ်၌ မီးလောင်မှုကြောင့် ကလေး(၁)ဦး သေဆုံး
၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ည ၆ နာရီ ၁၅ မိနစ်အချိန်ခန့် က မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ လှည်းကားယားကျေးရွာနေ မင်းဇော်(၃၅)နှစ်သည် ၎င်း၏တဲအိမ်အရှေ့ဘက်တွင် မီးတားရန် မီးရှို့ရာမှ သမီးဖြစ်သူ မီးလောင် သေဆုံးခဲ့ကြောင်း သိရပါသည်။

မီးရှို့ စဉ် အိမ်နီးချင်း လှဝင်းအောင်(၂၆)နှစ်နှင့် ဒေါ်နှင်းကြည်(၅၁)နှစ်၏ သက္ကယ်မိုး၊ ထရံကာ၊ ပျဉ်ခင်းတဲအိမ်(၂)လုံးအား ကူးစက်လောင်ကျွမ်းခဲ့သဖြင့် ဒေါ်နှင်းကြည်၏ နေအိမ်ပေါ်ရှိ မင်းဇော် ၏ သမီးဖြစ်သူ မအိချောပို(၃)နှစ်မှာ မီးလောင်သေဆုံးသွားခြင်း ဖြစ်သည်။

ဒါ့အပြင် ဒေါ်နှင်းကြည် ပိုင် ဝက်မကြီး(၁) ကောင်နှင့် ဝက်သားပေါက်(၅)ကောင်၊ တဲအိမ်(၂)လုံး၊ လှဝင်းအောင် ပိုင်သည့် ဆိုင်ကယ်(၁)စီး တို့ မီးလောင်ဆုံးရှုံးခဲ့သဖြင့် မင်းဇော် အား ရွှေပန်းတောနယ်မြေရဲစခန်း(ပ)၁၂/၂၀၁၈၊ ရာဇသတ် ကြီးပုဒ်မ ၃၀၄-က/၂၈၅ ဖြင့် အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
မီးတားရန် မီးရှို့ရာမှ သမီးဖြစ်သူ မီးလောင် သေဆုံး မီးတားရန် မီးရှို့ရာမှ သမီးဖြစ်သူ မီးလောင် သေဆုံး Reviewed by THITHTOOLWIN on 22:59 Rating: 5
Powered by Blogger.