ရဲတပ်သားဇနီးကို အခြားရဲဝန်ထမ်းတွေ ရိုက်နှက်မှု အမှုဖွင့်ခွင့်မရ

ရဲတပ်သား သန်းဖြိုးအောင်နဲ့ဇနီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့က သတင်းစာရှင်းလင်းစဉ်။ Photo: Khaymani Win/RFA
မန္တလေး အောင်မြေသာစံမြို့နယ်က အမှတ် ၄ နယ်မြေ ရဲတပ်ဖွဲ့ စခန်းဝင်းအတွင်းက ရဲဝန်ထမ်းလိုင်းခန်း မှာ နေထိုင်တဲ့ ရဲတပ်သားရဲ့ဇနီးကို တခြားတပ်ဖွဲ့ဝင်တွေက ဝိုင်းဝန်းရိုက်နှက်ခဲ့တာနဲ့ ပတ်သက်ပြီး အမှုဖွင့်ခွင့် မပေးခဲ့တဲ့အတွက် ပြည်ထဲရေးဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာဌာနတွေကို တိုင်ကြားသွားမယ်လို့ အရိုက်နှက်ခံရသူ မပွင့်ဖြုခိုင်ကပြောပါတယ်။

ရိုက်နှက်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တရားစွဲဆိုချင်ကြောင်းနဲ့ တရားဥပဒေအတိုင်း မျှမျှတတ ဖြစ်စေချင်တယ်လို့ ဒီကနေ့ မန္တလေးမြို့က မီဒီယာစင်တာမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မပွင့်ဖြူခိုင် က ပြောပါတယ်။

ဇန်န၀ါရီလ ၂၀ ရက်နေ့ညက ရဲဝန်ထမ်းတန်းလျားမှာနေထိုင်တဲ့ ရဲတပ်သားတစ်ဦး အရက်မှူးပြီး ဆူညံခဲ့တဲ့အတွက် မပွင့်ဖြူခိုင်က မဆူညံဖို့ပြောရာကနေ စကားများခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီနောက် သူ့ကို ရဲတပ်သားတစ်ယောက်၊ ရဲအုပ်တစ်ယောက်နဲ့ သူတို့ရဲ့ ဇနီးဖြစ်သူတွေကို ဝိုင်းဝန်းရိုက်နှက်ကြ တယ်လို့ ပြောပါတယ်။

အဲဒီလိုရိုက်နှက်ခံရတဲ့အတွက် အခုလ ၂၁ ရက်နေ့က စခန်းမှူးဖြစ်သူကို တိုင်ကြားပေမယ့် အမှုဖွင့်မပေးဘူးလို့ သိရပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး အမှတ် ၄ နယ်မြေ ရဲတပ်ဖွဲ့စခန်းကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ အထက်ကို တင်ပြထားတယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တဲ့ မပွင့်ဖြူခိုင်ရဲ့ ခင်ပွန်းဖြစ်တဲ့ ရဲတပ်သား သန်းဖြိုးအောင် ကို မြို့နယ်မှူးက ဒီကနေ့ ညနေပိုင်းမှာ လာရောက်ခေါ်ယူသွားတယ်လို့ သိရပါတယ်။

RFA Burmese
https://www.rfa.org/burmese
ရဲတပ်သားဇနီးကို အခြားရဲဝန်ထမ်းတွေ ရိုက်နှက်မှု အမှုဖွင့်ခွင့်မရ ရဲတပ်သားဇနီးကို အခြားရဲဝန်ထမ်းတွေ ရိုက်နှက်မှု အမှုဖွင့်ခွင့်မရ Reviewed by THITHTOOLWIN on 19:22 Rating: 5
Powered by Blogger.