နတ်မြစ်အတွင်း လှော်ခတ်နေသည့် လှေတစ်စင်းပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ


မောင်တော ဇန်န၀ါရီ၂၆ ရက်

ဇန်န၀ါရီ ၂၆ ရက် နံနက် ၇ နာရီခန့်က နတ်မြစ်အတွင်း ကင်းလှည့်တာဝန် ထမ်းဆောင်နေသော ရေတပ်မှ မောင်နီကျေးရွာအနီး ရေယာဉ် ကိုက် ၅၀၀ ခန့်အကွာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ လှော်ခတ်နေသော မသင်္ကာဖွယ် လောင်းလှေတစ်စီးအား တွေ့ရှိ သဖြင့် ခေါ်ယူခဲ့ရာ လာရောက်ခြင်းမရှိဘဲ ထွက်ပြေးသွားခဲ့သဖြင့် လိုက်လံဖမ်း ဆီးခဲ့သည်။


အဆိုပါ လက်ခတ်လှေပေါ်မှ ဘင်္ဂါလီလူမျိုး အမျိုးသား ၄ ဦးနှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၅၀၀ တွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ၎င်းတို့သည် မောင်နီကျေးရွာနေ လှေနှင့် မူးယစ် ဆေးဝါးများပိုင်ရှင် မာမတ်ဂျိုဟတ် (၃၂) နှစ်၏ ခိုင်းစေချက်အရ တစ်ဦးလျှင် မြန်မာငွေကျပ် (၄၀၀၀၀) စီဖြင့် မြူနှင်းများကျနေမှုကို အခွင့်ကောင်းယူပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ရေပြင်နယ်နိမိတ် နတ်မြစ်ရေပြင်သို့ ပို့ဆောင်ပေးရကြောင်း၊ ၂ နာရီ ခွဲအချိန်တွင် မောင်နီ ကျေးရွာမှ ထွက်ခွာပြီး သွားရောက်ပို့ဆောင်စဉ် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရသည်။

Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
နတ်မြစ်အတွင်း လှော်ခတ်နေသည့် လှေတစ်စင်းပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ နတ်မြစ်အတွင်း လှော်ခတ်နေသည့် လှေတစ်စင်းပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 19:23 Rating: 5
Powered by Blogger.