ဆန္ဒပြ ကျောင်းသားတွေ ကျောင်းထုတ်ခံရ

ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးဖို့ ဗကသကျောင်းသားတွေ ရတနာပုံတက္ကသိုလ်ကျောင်းဝင်းမှာ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့ က ဆန္ဒပြစဉ်။ Photo: Khaymani Win/ RFA
ပညာရေးဘတ်ဂျက် တိုးမြင့်ပေးရေးနဲ့ ပတ်သတ်ပြီး ဆန္ဒထုတ်ဖော်ရာမှာပါဝင်ခဲ့တဲ့ ရတနာပုံတက္ကသိုလ် က ကျောင်းသား ၁၂ ယောက်ကို အကန့်အသတ်မရှိကျောင်းကနေ ရပ်နားလိုက်တယ်လို့  ရတနာပုံတက္ကသိုလ်က ပါမောက္ခချုပ် ဒေါက်တာမောင်မောင်နိုင် က ပြောပါတယ်။

အဲဒီလို ကျောင်းထုတ်လိုက်တာဟာ နိုင်ငံရေးအရမဟုတ်ဘဲ ကျောင်းစည်းကမ်းတွေကို မလိုက်နာတဲ့အတွက် အရေးယူတာဖြစ်တယ်လို့ ပါမောက္ခချုပ် ဒေါက်တာ မောင်မောင်နိုင် က ပြောပါတယ်။

ရတနာပုံတက္ကသိုလ်က ဗကသ ဥက္ကဌ ကိုကျော်သီဟရဲကျော်ကတော့ အခုလိုမျိုး ကျောင်းထုတ်ခံရတာနဲ့ ပတ်သတ်ပြီး တစ်စုံတရာ တုန့်ပြန်မှု ပြုလုပ်သွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ပညာရေးဘတ်ဂျတ် တိုးမြှင့်ပေးဖို့အတွက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေဟာ မန္တလေး ရတနာပုံ တက္ကသိုလ်မှာ ဇန်န၀ါရီလ ၂၂ ရက်နေ့စပြီး ဆန္ဒပြတောင်းဆိုခဲ့တာဖြစ်ပါတယ်။

အဲဒီလို ဆန္ဒပြရာမှာပါဝင်တဲ့ ကျောင်းသား ၇၂ ယောက်ကို မနေ့ကအစောပိုင်းက ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးပြီး မိဘအုပ်ထိန်းသူတွေဆီကို ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။

ကျောင်းသားတွေ ဆန္ဒပြတာနဲ့ ပတ်သက်ပြီး တိုင်းတန်းသူမရှိသေးတဲ့အတွက် အရေးယူဖို့တော့မရှိဘူးလို့ မန္တလေးတိုင်း ရဲတပ်ဖွဲ့က ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြင့်ဦး ကပြောပါတယ်။

ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ အခြားတက္ကသိုလ်က ကျောင်းသားတွေကိုတော့ ကျောင်းထုတ်ပယ်တာ ရှိ မရှိ အတည်မပြုနိုင်သေးပါဘူး။

RFA Burmese
https://www.rfa.org/burmese
ဆန္ဒပြ ကျောင်းသားတွေ ကျောင်းထုတ်ခံရ ဆန္ဒပြ ကျောင်းသားတွေ ကျောင်းထုတ်ခံရ Reviewed by THITHTOOLWIN on 19:20 Rating: 5
Powered by Blogger.