ပညာရေးအသုံးစရိတ် တိုးမြှင့်ရေးအတွက် သမဂ္ဂများ ပူးပေါင်းဆန္ဒပြ


မန္တလေး၊ ဇန်နဝါရီ ၂၂၊

မန္တလေးမြို့ ရတနာပုံတက္ကသိုလ်တွင် ဇန်နဝါရီလ ၂၂ ရက်န့က ပညာရေးအသုံးစရိတ်တိုးမြှင့်ရေးအတွက် ကျောင်းသားသမဂ္ဂ (၂၀) က ပူးပေါင်းတောင်းဆိုခဲ့ပြီး ကျောင်းအတွင်း လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ပါသည် ။

ယင်းသို့ဆန္ဒပြတောင်းဆိုရာတွင် ပညာဘတ်ဂျက်တိုးမြင့်ရေး ဒို့အရေး ၊ ဒို့အရေး ၊ သင်ထောက်ကူပစ္စည်း လုံလောက်ရေး ဒို့အရေး ၊ ဒို့အရေး ၊ ကျောင်းတွင်းအဆောင်များ တည်ဆောက်ရေး ဒို့အရေး ဒို့အရေး စသည့်ကြွေးကြော်သံများဖြင့် ရတနာပုံတက္ကသိုလ်အတွင်း ချီတတ်ဆန္ဒပြခဲ့ပါသည် ။

``ကျွန်တော်တို့ ပညာရေးက အရမ်းနိမ့်ကျပါတယ် ။ ဓာတုဗေဒ ကျောင်းသားတစ်ယောက် က အရက်တောင်မချက်တတ်ပါဘူး ။ ရူပဗေဒကျောင်းသားတစ်ယောက်ကလည်း နာရီတောင် မပြင်တတ်ပါဘူး ။ ကျွန်တော်တို့ ဘွဲ့ရသွားရင်တောင် ကျွမ်းကျင်မှုမရှိပါဘူး ။ဒါဟာဆိုရင် ကျောင်းတွေမှာ သင်ထောက်ကူပစ္စည်းနည်းပါးမှုတွေကြောင့်ပါ ။ ဒီလို သင်ထောက်ကူပစ္စည်းတွေရဖို့အတွက် ပညာရေးအသုံးစရိတ်တိုးပေးဖို့လိုတယ်´´ ဟု ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ မှ ကိုရဲမျိုးဆွေ က ပြောသည် ။

ယင်းတောင်းဆိုမှုသည် နိုင်ငံတော်အစိုးအရအတွက် အကြပ်အတည်းဖြစ်စေလိုတဲ့ ဆန္ဒကြောင့်မဟုတ်ပဲ လက်ရှိပညာရေးအခြေအနေ နှင့် ကျောင်းသား ကျောင်သူများ၏ လိုအပ်ချက်ကြောင့် ဖြစ်ကြောင်းသိရသည် ။

``ခုလိုတောင်းဆိုတဲ့အတွက် အစိုးရကို အကြပ်အတည်းဖြစ်အောင် လုပ်တာမဟုတ်ပါဘူး ။ ဒါ့ကြောင့်လည်း ဘယ်လောက်ထိတိုးပါဆိုပြီး တောင်းဆိုတာမဟုတ်ဘူး ။ အစိုးရအနေနဲ့ တိုးပေးနိုင်တဲ့အတိုင်းအတာ တစ်ခုထိ တိုးပေးစေချင်တယ်´´ ဟု စစ်ကိုင်းပညာရေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ မှ ကိုနောင်ထက်အောင် က ပြောသည် ။

ထို့အပြင် တက္ကသိုလ်များတွင် ချထားပေးသည့် ဘဏ္ဍာနှစ် တစ်နှစ်၏ ဝင်ငွေ ထွက်ငွေများကိုလည်း တိတိကျကျ ထုတ်ပြန်ပေးစေလိုပြီး ကျောင်းသူ ကျောင်းသားများအတွက် အဆောင်များဆောက်လုပ်ပေးစေလိုကြောင်း သိရသည် ။

ယခုလက်ရှိတွင် မြန်မာနိုင်ငံ၏ ဘတ်ဂျက်ခွဲဝေချထားမှုမှာ ပညာရေးအတွက် ၈ ရာခိုင်နှုန်းကျော်ပဲရှိပြီး စစ်အသုံးစရိတ်ထပ်လျှော့နည်းနေကြောင်း သိရသည် ။

ဒိုး
Central News Myanmar
https://www.facebook.com/CNMyanmar/
ပညာရေးအသုံးစရိတ် တိုးမြှင့်ရေးအတွက် သမဂ္ဂများ ပူးပေါင်းဆန္ဒပြ ပညာရေးအသုံးစရိတ် တိုးမြှင့်ရေးအတွက် သမဂ္ဂများ ပူးပေါင်းဆန္ဒပြ Reviewed by THITHTOOLWIN on 17:25 Rating: 5
Powered by Blogger.