ပန်းတောင်းမြို့နယ်တွင် ဆေးခြောက်များ လျှိှု့ဝှက် ရောင်းချနေသူအားဖမ်းမိ


ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပန်းတောင်းမြို့နယ်အတွင်း ဆေးခြောက်များ လျှို့ဝှက်ရောင်းချနေသူအား သက်သေခံပစ္စည်းများနှင့် အတူ ဇန်နဝါရီ (၂၁)ရက်က ဖမ်းဆီးရမိခဲ့ကြောင်း ပန်းတောင်းမြို့နယ် ဥသျှစ်ပင် နယ်မြေ ရဲခစန်းမှ သိရှိရသည်။

ပန်းတောင်းမြို့နယ်၊ ရပ်သာကျေးရွာ နေအိမ်တစ်အိမ်တွင် ဆေးခြောက်များ လျှို့ဝှက်ရောင်းချနေကြောင်း သတင်းအရ ပူးပေါင်းအဖွဲ့များ သွားရောက်ရှာဖွေရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

“သတင်းအရသွားရောက်ရှာဖွေတာပါ။ နေအိမ်အတွင်းက သေတ္တာထဲမှာရယ် ခြံဝန်းအတွင်းမှာရယ် သက်သေခံ ပစ္စည်းတွေနဲ့ အတူ ဖမ်းဆီးရမိတာပါ။ အမှုကိုတော့ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူမှုတွေ ဆက်လုပ်သွားမှာပါ။”ဟု ဥသျှစ်ပင်နယ်မြေ ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိ က ပြောသည်။ ရှားဖွေရာတွင် နေအိမ် အိပ်ခန်းအတွင်း ဆေးခြောက်ထုပ် (၂.၂)ကီလို၊ နေအိမ်ခြံဝန်း ငှက်ပျောက်ပင်ကြားမှ ဆေးခြောက်ထုပ် (၁.၃)ကီလို၊ ရောင်းချရန် စာရွက်ဖြင့်ထုပ်ပိုးထားသည့် (၅)ဂရမ်စီပါ ဆေးခြောက်အထုပ် (၂၀)နှင့် ရောင်းချရာတွင် အသုံးပြုသည့် ချိန်ခွင်နှင့် အလေးတို့ကိုပါ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ ဖမ်းဆီးရမိသည့် နေအိမ်မှ ဦးမြင့်ကျော်အား ဥသျှစ်ပင်နယ်မြေရဲစခန်းမှ မယ(ပ)ည ၁/၂၀၁၈ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)ဖြင့် အရေး ယူထားကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ပန်းတောင်းမြို့နယ်တွင် ဆေးခြောက်များ လျှိှု့ဝှက် ရောင်းချနေသူအားဖမ်းမိ ပန်းတောင်းမြို့နယ်တွင် ဆေးခြောက်များ လျှိှု့ဝှက် ရောင်းချနေသူအားဖမ်းမိ Reviewed by THITHTOOLWIN on 17:08 Rating: 5
Powered by Blogger.