တောင်ကိုရီးယား ဆေးရုံ မီးလောင်မှုကြောင့် သေဆုံးသူ ၃၃ဦးရှိလာ

တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်း Milyang မြို့ရှိ ဆေးရုံတစ်ခု မီးလောင်မှုဖြစ်ပွားစဉ် (ဓါတ်ပုံ-အင်တာနက်)
ဆိုးလ်၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

    တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်း Milyang မြို့တွင် ဆေးရုံတစ်ခု မီးလောင်မှုကြောင့် သေဆုံးသူဦးရေသည် ၃၃ဦးအထိမြင့်တက်လာကြောင်း မီးသတ်အာဏာပိုင်များ၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်းသတင်းများ၌ ဇန်နဝါရီ ၂၆ရက်တွင် ဖော်ပြခဲ့သည်။

South Gyeongsang ပြည်နယ်၊ Milyang မြို့ ရှိ Sejong ဆေးရုံ၌ ဒေသစံတော်ချိန် ဇန်နဝါရီ ၂၆ ရက် နံနက် ၇း၃၀နာရီတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးလောင်မှုသည် ဆေးရုံ၏ ပထမထပ် ရှိ အရေးပေါ်အခန်းမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အနည်းဆုံး လူ ၃၃ဦးသေဆုံးပြီး အခြားလူ ၁၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း နှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေပြီး သေဆုံးသူ ဦးရေမြင့်တက်လာနိုင်ကြောင်း သိရသည်။

မြို့တော် ဆိုးလ်မြို့၏ အရှေ့တောင်ဘက် ၃၉၀ကီလိုမီတာအကွာခန့်ရှိ အဆိုပါ ဆေးရုံ၌ လူနာပေါင်း ၁၀၀ခန့် တက်ရောက်ကုသနေကြောင်းသိရသည်။ ဆေးရုံနှင့် ကပ်လျက်တည်ရှိသည့် စောင့်ရှောက်ရေးဂေဟာမှ လူနာစုစုပေါင်း ၉၃ဦးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်း သိရသည်။

ယင်းဆေးရုံသည် ဦးနှောက် နှင့် အာရုံကြော ရောဂါများ နှင့် လေဖြတ်သည့် လူနာများကို အဓိကကုသပေးနေခြင်းဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင် သည် ၎င်း၏ ဝါရင့်ဝန်ကြီးများအား အရေးပေါ်အစည်းအဝေးပွဲ ခေါ်ယူခဲ့ပြီး အဆိုပါ မီးလောင်မှုအား စေ့စပ်စွာ တုံ့ပြန်ဆောင်ရွက်ရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။ ယင်း ဖြစ်စဉ်အား ကိုင်တွယ်ဆောင်ရွက်ရန် သမ္မတအိမ်ပြာတော် က အမျိုးသားဘေးအန္တရာယ် စီမံခန့်ခွဲရေး စင်တာ အား ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

(Xinhua)
http://xinhuamyanmar.com
တောင်ကိုရီးယား ဆေးရုံ မီးလောင်မှုကြောင့် သေဆုံးသူ ၃၃ဦးရှိလာ တောင်ကိုရီးယား ဆေးရုံ မီးလောင်မှုကြောင့် သေဆုံးသူ ၃၃ဦးရှိလာ Reviewed by THITHTOOLWIN on 11:18 Rating: 5
Powered by Blogger.