မောင်တောမြို့နယ်၊ အုန်းတောကျေးရွာ၌ ဒေသန္တရလုပ် မိုင်းတစ်လုံး တွေ့ရှိ


နေပြည်တော် ၂၆-၁-၂ဝ၁၈

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အုန်းတောကျေးရွာ၌ ဇန်န၀ါရီလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် မြေနေရာရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်စဉ် မိုင်းတစ်လုံးတွေ့ရှိကြောင်း လာရောက် အကြောင်းကြားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းရာ အလျား ၇ လက်မ၊ အချင်း ၄ လက်မရှိ ကားပစ္စတင်ဖြင့် ပြုလုပ်ထားသည့် အဝေးထိန်းစနစ်သုံး မိုင်းဟောင်းတစ်လုံး၊ ဆားကစ်ပြား တစ်ခု၊ ၉ ဗို့ဘက်ထရီ တစ်ခုတို့အား ရှာဖွေတွေ့ရှိပြီး သက်မဲ့ပြုလုပ် နိုင်ခဲ့သည်။

အဆိုပါ မိုင်းတွေ့ရှိသည့် နေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် မိုင်းရှင်းလင်းရေး လုပ်ငန်းများအား ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

The Myawady Daily
https://www.facebook.com/TheMyawadyDaily
မောင်တောမြို့နယ်၊ အုန်းတောကျေးရွာ၌ ဒေသန္တရလုပ် မိုင်းတစ်လုံး တွေ့ရှိ မောင်တောမြို့နယ်၊ အုန်းတောကျေးရွာ၌ ဒေသန္တရလုပ် မိုင်းတစ်လုံး တွေ့ရှိ Reviewed by THITHTOOLWIN on 11:03 Rating: 5
Powered by Blogger.