တရုတ်နိုင်ငံဘက်မှ တင်သွင်းတဲ့ အာလူးတွေကြောင့် ရှမ်းတောင်ဒေသ အာလူးစိုက်တောင်သူတွေ နှစ်နာနေတယ်လို့ဆို


တောင်ကြီး ၊ ဇန်န၀ါရီ-၂၅

တရုတ်နိုင်ငံဘက်ကနေ တင်သွင်းလာတဲ့ အားလူးတွေကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းဒေသရှီ အာလူး စိုက်တောင်သူတွေ ဆုံးရှုံးနှစ်နာမှုတွေဖြစ်ပေါ်နေတယ်လို့ ဒေသခံတောင်သူတွေဆီက သတင်းရရှိပါတယ်။

ရှမ်းပြည်နယ် အတွင်းကို တရုတ်နိုင်ငံဘက်ကနေ စိုက်ပျိုးထုတ်လုပ်ပြီး အရည်အသွေးမမီတဲ့ အာလူးတွေကို ဒေသခံတွေရောင်းချတဲ့ ဈေးထက် သက်သာစွာရောင်းချနေတာကြောင့် အာလူးစိုက်တောင်သူတွေ အရှုံးပေါ်နေတယ်လို့လည်း ပင်လောင်းဒေသခံ အာလူးစိုက်တောင်သူအချို့ကဆိုပါတယ်။
" ကုန်ဈေးနှုန်းကျဆင်းရေးဆိုပြီးတော့ ကုန်သည်ပွဲစားအချို့က တရုတ်နယ်စပ်ဘက်ကနေ အကောက်အခွန်မဲ့ အာလူးတွေ အလုံးအရင်းနဲ့သွင်းနေတော့ ဒေသခံအာလူးစိုက်တောင်သူတွေက ဆက်တိုက်အရှုံးပေါ်နေတယ်လို့လည်း အာလူးစိုက်တောင်သူ တစ်ဦးကပြောပါတယ်။

ဒီလို တရုတ်ပြည်ကနေ အာလူးတွေ တင်သွင်းနေတာတွေကို တားဆီးပေးနိုင်ဖို့အတွက်ကိုလည်း ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်း၊နောင်တရားဒေသ အာလူးစိုက်တောင်သူတွေ ရှမ်းပြည်နယ် အစိုးရအဖွဲ့ထံ ဇန်န၀ါရီလ ဒုတိယပတ်က စာပေးပို့ပြီး တင်ပြ အကူညီတောင်းခံထားတယ်လို့လည်း ပင်လောင်းဒေသခံ အာလူးစိုက်တောင်သူတွေကဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သတ်ပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့ ရဲ့ သဘောထားကိုဆက်သွယ်မေးမြန်းပေမယ့် အစိုးရဘက်က ပြန်လည် ဖြေကြားပြောဆိုထားခြင်းမရှိပါဘူး။

သတင်း-ခွန်ဆာ
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
တရုတ်နိုင်ငံဘက်မှ တင်သွင်းတဲ့ အာလူးတွေကြောင့် ရှမ်းတောင်ဒေသ အာလူးစိုက်တောင်သူတွေ နှစ်နာနေတယ်လို့ဆို တရုတ်နိုင်ငံဘက်မှ တင်သွင်းတဲ့ အာလူးတွေကြောင့် ရှမ်းတောင်ဒေသ အာလူးစိုက်တောင်သူတွေ နှစ်နာနေတယ်လို့ဆို Reviewed by THITHTOOLWIN on 11:31 Rating: 5
Powered by Blogger.