သမ္မတအဆိုပြုတဲ့ ဆောက်လုပ်ရေးဝန်ကြီးသစ်ကို လွှတ်တော်အတည်ပြု

ဆောက်လုပ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရတဲ့ ဦးဟန်ဇော် ကို တွေ့ရစဉ်/ Photo: Kyawthu Yarzar Facebook
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသစ်အဖြစ် ဦးဟန်ဇော် ကို ခန့်အပ်ဖို့ နိုင်ငံတော်သမ္မတရဲ့ အဆိုပြုချက်ကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။

အရင် ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ၂ ခုပူးတွဲတာဝန်ယူထားတဲ့  ၀န်ကြီးဦးဝင်းခိုင် ကို လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန တစ်ခုတည်းရဲ့ ဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးအပ်လိုက်ပြီး ဦးဟန်ဇော် ကို ခန့်အပ်ဖို့ ဒီကနေ့ လွှတ်တော်မှာ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

အသက် ၇၂ နှစ်အရွယ် ဦးဟန်ဇော်ဟာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၊ အငြိမ်းစား ဦးဆောင်ညွှန်ကြားရေးမှူး တစ်ဦးဖြစ်ပါတယ်။

ထို့အတူ နိုင်ငံတော်သမ္မတက  ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဒုဝန်ကြီးအဖြစ် ဦးသာဦး ကို ခန့်အပ်တာဝန်ပေး အပ်တာကိုလည်း ပြည်ထောင်စုလွှတ်တော်က မှတ်တမ်းတင်ခဲ့ပါတယ်။

အင်န်အယ်လ်ဒီပါတီ ဦးဆောင်တဲ့အစိုးရ ၂၀၁၆ ခုနှစ် အာဏာရချိန်မှာ ဝန်ကြီးဌာန ၁၈ ခုသာထားရှိပြီး ဒုတိယဝန်ကြီး ခန့်အပ်မှုနည်းပါးခဲ့ပေမယ့် မကြာသေးခင်က ပြန်ကြားရေးဒုဝန်ကြီးအပါအဝင် ဒုဝန်ကြီးအချို့ ခန့်အပ်တာဝန်ပေးအပ်တာတွေ ရှိလာပါတယ်။

RFA Burmese
http://www.rfa.org/burmese
သမ္မတအဆိုပြုတဲ့ ဆောက်လုပ်ရေးဝန်ကြီးသစ်ကို လွှတ်တော်အတည်ပြု သမ္မတအဆိုပြုတဲ့ ဆောက်လုပ်ရေးဝန်ကြီးသစ်ကို လွှတ်တော်အတည်ပြု Reviewed by THITHTOOLWIN on 19:22 Rating: 5
Powered by Blogger.