ရိုဟင်ဂျာခေါင်းဆောင်ကို အာဆာဖမ်းဆီး

Kutupalong ရိုဟင်ဂျာဒုက္ခသည်စခန်း
ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းမှာရှိတဲ့ Kutupalong ရိုဟင်ဂျာဒုက္ခသည်စခန်းခေါင်းဆောင်နဲ့ သူ့ ညီအစ်ကို တော်စပ်သူကို ARSA အဖွဲ့က ဒီလ ၂၈ ရက်ညက ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
ARSA အဖွဲ့လို့ ကြေညာတဲ့ ဒါဇင်နဲ့ချီတဲ့လူတွေက သူတို့နှစ်ယောက်ကို ဆွဲထုတ်ခေါ်သွားပြီး ကြိုးတုပ်ပြီးတဲ့နောက် ရိုက်နှက်တယ်လို့ စခန်းခေါင်းဆောင်ရဲ့ ညီမက ပြောပါတယ်။

မိသားစု ၁၅၂ စုကိုကြီးကြပ်တဲ့ စခန်းခေါင်းဆောင်မိသားစုနေတဲ့ တဲကို ၀ိုင်းတဲ့လူတွေထဲက အနည်းဆုံး ၈ ယောက်ဟာ ARSA ကဖြစ်တယ်လို့လည်း ပြောပါတယ်။ သူတို့ကို ဗမာပြည်ကတည်းက သိလာပြီး သူ့အစ်ကိုက အဲဒိလူတွေကို မထောက်ခံဘူးလို့လည်း ပြောပါတယ်။

Cox’s Bazar ခရိုင်လက်အောက်ခံ Ukhia ရဲအဖွဲ့ ကလည်း လူနှစ်ယောက် ပြန်ပေးဆွဲခံရတာကို အတည်ပြုပါတယ်။
အမှုကို စုံစမ်းစစ်ဆေးနေပြီး ဒေသတွင်းက တခြား စခန်းတွေမှာလိုက်ရှာပေမဲ့ မနေ့ကထိမတွေ့ရသေးဘူးလို့လည်း ပြောပါတယ်။

လုံခြုံရေးတာဝန်ရှိသူတယောက်ကတော့ ဒုက္ခသည်စခန်းတွေမှာ ARSA အဖွဲ့ဝင်တွေ လှုပ်ရှားနေတယ်ပြောပြီး ရိုဟင်ဂျာခေါင်းဆောင်တယောက်ကတော့ တလွဲဂတိတွေပေးပြီး လူငယ်တွေကို ARSA အဖွဲ့က စုဆောင်းနေတယ်လို့ ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ရိုဟင်ဂျာခေါင်းဆောင်ကို အာဆာဖမ်းဆီး ရိုဟင်ဂျာခေါင်းဆောင်ကို အာဆာဖမ်းဆီး Reviewed by THITHTOOLWIN on 08:49 Rating: 5
Powered by Blogger.