![]() |
Kings Romans Casino လောင်းကစားရုံ |
ရွှေတြိဂံအထူးစီးပွားရေးဇုံမှာ ဖွင့်ထားတဲ့ Kings Romans Casino လောင်းကစားရုံကနေ အိမ်နီးချင်းမြန်မာနိုင်ငံက UWSA ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် အပါအ၀င် ဥပဒေမဲ့ကွန်ရက်တွေအတွက် ဘိန်းဖြူ၊ Methamphetamine နဲ့ တခြားမူးယစ်ဆေးဝါးတွေ သိုလှောင်ဖြန့်ဖြူးပေးနေတယ်လို့ အမေရိကန်ဘဏ္ဍာရေးဌာနကြေညာချက်မှာ ပါရှိပါတယ်။
မူးယစ်ဆေးဝါးအကြီး အကျယ် တင်ပို့တာတွေကို ထိုင်း၊ လာအိုနဲ့ တရုတ်အာဏာပိုင်တွေက ၂၀၁၄ ကစတင် ဖမ်းဆီးမိပြီး Kings Romans Casino ကို ခြေရာခံမိပါတယ်။
Zhao Wei နဲ့ Kings Romans Casino က အကြီးတန်းတာဝန်ရှိသူတွေဟာ လူမှောင်ခိုကူးမှုနဲ့ ကလေးပြည့်တန်ဆာလုပ်ငန်းတွေကို အားပေးအားမြှောက် လုပ်ခွင့်ပေးထားတယ်လို့လည်း ဖော်ပြပါတယ်။
ရွှေတြိဂံအထူးစီးပွားရေးဇုန်ကို အသုံးချပြီူး Zhao Wei ဟာ အာရှဝက်ဝံမည်း၊ သင်းခွေချပ်၊ ကျား၊ ကြံ့နဲ့ ဆင်အပါအ၀င် မျိုးမပျောက်အောင် ကာကွယ်စောင့်ရှောက်ထားတဲ့ သားရိုင်းတိရိစ္ဆာန် မှောင်ခိုကူးတယ်လို့ အမေရိကန် ဘဏ္ဍာရေးဌာနက ပြောပါတယ်။
မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့နဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်ပြီး Zhao Wei ကို နယ်စပ်ဖြတ်ကျော်ရာဇ၀တ်မှုကျူးလွန်သူအဖြစ် သတ်မှတ်လိုက်တာလို့လည်း ဖော်ပြပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
မူးယစ်မှောင်ခိုသူ ကန် အရေးယူ
Reviewed by THITHTOOLWIN
on
08:48
Rating:
