လင်မယားစကားများရာမှ လူသတ်မှုဖြစ်ပွား


မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု စံပြကျေးရွာတွင် ဇန်န၀ါရီလ ၂၁ ရက်နေ့ ည ၇ နာရီခွဲ ခန့် တွင် ယောက်ျားဖြစ်သူ ကိုဝင်းဦး(၅၀)နှစ်ခန့်မှ မိန်းမဖြစ်သူ မမိုးကြည်(၄၇)နှစ်ခန့် အား ငွေအကြွေးကိစ္စပြောဆိုရာမှ လင်မယားစကားများကြပြီး လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

 ကိုဝင်းဦးမှ စိတ်မထိန်းနိုင်ဖြစ်ခါ ဓားဦးချွန် အရိုးအသွား(၂၀)လက်္မခန့်ရှိ ဓားဖြင့် မမိုးကြည်အား ဝဲဘက်ရင်အုံ လည်ညွန့် ရင်ဘတ် ရင်ညွန့် ဝဲဘက်လက် စုစုပေါင်း ထိုးသွင်း ဓားဒဏ်ရာ(၁၃)ချက်ခန့်ဖြင့် ထိုးသတ်ခဲ့ခြင်း ဖြစ်သည်။

 မမိုးကြည် မှာ ဓားဒဏ်ရာ(၁၃)ချက်ခန့်ဖြင့် နေအိမ် နေရာတွင် သေဆုံးသွားသည်။

 ပွင့်ဖြူမြို့နယ်မြို့မရဲစခန်းမှ ပြစ်မှုကျူးလွန်သူ ကိုဝင်းဦး အား စုံစမ်းရှာဖွေဖမ်းဆီးပြီး (ပ) ၁၁/၂၀၁၈ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးအရေးယူ လျှက်ရှိကြောင်း သတင်းရရှိသည်။ ။

မကွေးတိုင်း MCRA/SH ဒု ဥက္ကဌ
ဗဟို သတင်းတာဝန်ခံ UN
လင်မယားစကားများရာမှ လူသတ်မှုဖြစ်ပွား လင်မယားစကားများရာမှ လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 23:25 Rating: 5
Powered by Blogger.