အငှားယာဉ်မောင်းမှ လိုက်ထရပ်ယာဉ်၏ ရှေ့ခန်းယာဘက်မှန်အား ရိုက်ခွဲဖျက်ဆီး သူကို ဖမ်းဆီး အရေးယူ

လူမှုကွန်ရက် အင်တာနက်စာမျက်နှာတွင် ဖော်ပြပါရှိသည့် အငှားယာဉ်မောင်းမှ လိုက်ထရပ်ယာဉ်၏ ရှေ့ခန်းယာဘက်မှန်အား ရိုက်ခွဲဖျက်ဆီး သူကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူ
ရန်ကုန်၊ ဇန်န၀ါရီ ၂၂

ဇန်န၀ါရီ ၁၉ ရက်နေ့ လူမှုကွန်ရက် အင်တာနက်စာမျက်နှာတွင် ဖော်ပြပါရှိ
သည့် မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်၊ ရန်ကုန်- အင်းစိန်လမ်း ၊
အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် 6E/7172
အဖြူရောင် လိုက်ထရပ်ယာဉ်၏ ရှေ့ခန်းယာဘက်မှန်အား သံလက်ကိုင်ပါ
ဂွင်းဂွဖြင့် ရိုက်ခွဲဖျက်ဆီးခဲ့သူ 3G/------- ခဲရောင်၊ ပရိုဘောက်အငှားယာဉ်
မောင်းအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူခဲ့ကြောင်း
သိရသည်။

ဖြစ်စဉ်အမှန်အား ပေါ်ပေါက်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့ဝင်များက စုံစမ်းခဲ့ရာ အငှားယာဉ်မောင်းမှာ အင်းစိန်မြို့နယ်၊
ဈေးကုန်းအနောက်ရပ်ကွက်၊ အောင်သုခလမ်းနေ ကိုကိုလတ်(၄၁)နှစ်
ဆိုသူဖြစ်ကြောင်းသိရှိခဲ့သဖြင့် ၎င်းအား ဇန်န၀ါရီ ၂၂ ရက်နေ့ ညနေ ၅ နာရီ
ခွဲအချိန်တွင် ဖမ်းဆီးရမိပြီး စစ်ဆေးရာ ဇန်န၀ါရီ ၁၉ ရက်နေ့တွင် 6E/7172
အဖြူရောင် လိုက်ထရပ်ယာဉ်နှင့် ၎င်းမောင်းနှင်သည့် 3G/------- ခဲရောင်၊
ပရိုဘောက် အငှားယာဉ်တို့ ယာဉ်လမ်းကြောလုမောင်းရာမှ မကျေမနပ်ဖြစ်
ကာ မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်၊ ရန်ကုန်- အင်းစိန်လမ်း ၊ အမှတ်(၂)
အခြေခံပညာအထက်တန်းကျောင်းရှေ့အရောက် ၎င်းသည်ယာဉ်ပေါ်မှ
ဆင်းလာပြီး ယူဆောင်လာသည့် သံလက်ကိုင်ပါဂွင်းဂွဖြင့် လိုက်ထရပ်
ယာဉ်၏ ရှေ့ခန်းယာဘက်မှန်အား ရိုက်ခွဲဖျက်ဆီးခဲ့ ကြောင်း ပေါ်ပေါက်ခဲ့
သည်။

ပေါ်ပေါက်ချက်အရ လိုက်ထရပ်ယာဉ်၏ ရှေ့ခန်းယာဘက် မှန်အားရိုက်ခွဲရာ
တွင်အသုံးပြုခဲ့သည့် သံလက်ကိုင် ပါဂွင်းဂွအားသိမ်းဆည်းနိုင်ခဲ့ပြီး
ကိုကိုလတ်အား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်
ကြောင်းနှင့် ကားမှန် အခွဲခံရသည့် 6E/7172 လိုက်ထရပ်ယာဉ်ပိုင်ရှင်
အနေဖြင့် နစ်နာဆုံးရှုံးမှုအား လာရောက်တိုင်တန်း နိုင်ရေးအတွက်
အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါရန်
အသိပေးဖော်ပြအပ်ပါ သည်-

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး - ၀၁၂၃၂၃၁၉၉
အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး - ၀၁၃၇၆၁၆၆
မရမ်းကုန်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး - ၀၁၆၆၀၉၈၀
မရမ်းကုန်းမြို့မရဲစခန်း - ၀၁၆၆၀၃၅၂
ဘုရင့်နောင်နယ်မြေရဲစခန်း - ၀၁၆၈၀၇၇၄

Yangon Police
https://www.facebook.com/yangonpolice
အငှားယာဉ်မောင်းမှ လိုက်ထရပ်ယာဉ်၏ ရှေ့ခန်းယာဘက်မှန်အား ရိုက်ခွဲဖျက်ဆီး သူကို ဖမ်းဆီး အရေးယူ အငှားယာဉ်မောင်းမှ လိုက်ထရပ်ယာဉ်၏ ရှေ့ခန်းယာဘက်မှန်အား ရိုက်ခွဲဖျက်ဆီး သူကို ဖမ်းဆီး အရေးယူ Reviewed by THITHTOOLWIN on 23:09 Rating: 5
Powered by Blogger.