အင်္ဂါနေ့မှာ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံကို ပြန်မပို့နိုင်သေး

ဒုက္ခသည်တွေ ပြန်လည် လက်ခံရေး မြန်မာဘက်က ပြင်ဆင်ဆောင်ရွက်
ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံ အကြား အစောပိုင်းက သဘောတူထားသလို ရိုဟင်ဂျာ ဒုက္ခသည်တွေကို မြန်မာနိုင်ငံကို ပြန်ပို့ဖို့ အစီအစဉ်ကို အင်္ဂါနေ့မှာ စတင်နိုင်ဦးမှာ မဟုတ်သေးဘူးလို့ ဘင်္ဂလားဒေ့ရှ် အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေက ပြောပါတယ်။

ဒုက္ခသည်တွေ ပြန်ပို့ရေး အစီအစဉ်တွေ အဆင်သင့် မဖြစ်သေးဘူးလို့ ဆိုပါတယ်။

အပြီး မသတ်ရသေးတဲ့ အစီအစဉ်တွေထဲမှာ ပြန်လည်လက်ခံရေး စခန်းတွေ ဆောက်လုပ်ဖို့နဲ့ ဒုက္ခသည် အမည်စာရင်းကို နှစ်နိုင်ငံ အစိုးရက တရားဝင် အတည်ပြုဖို့တွေ ပါဝင်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံကို ပြန်လာမယ့် သူတွေအားလုံးဟာ ကိုယ့်သဘောနဲ့ကိုယ် ပြန်လာကြမှာ ဖြစ်တယ်လို့လည်း ဘင်္ဂလားဒေ့ရှ် အစိုးရက အတည်ပြုပြောပါတယ်။

ပြီးခဲ့တဲ့ ၆လတာ ကာလအတွင်း မြန်မာနိုင်ငံကနေ လူ ၆သိန်းလောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေး ခိုလှုံခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese
အင်္ဂါနေ့မှာ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံကို ပြန်မပို့နိုင်သေး အင်္ဂါနေ့မှာ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံကို ပြန်မပို့နိုင်သေး Reviewed by THITHTOOLWIN on 17:49 Rating: 5
Powered by Blogger.