၂၂ ဘီး ယာဉ် အရှိန်လွန်ရာမှ လမ်းဘေးရပ်ထားသော YBS ၂၃ ယာဉ်အား ၀င်ရောက်တိုက်မိ


ရန်ကုန် ဒီဇင်ဘာ ၁၄

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ ခြောက်လမ်းသွားလမ်းမ၌ ဒီဇင်ဘာ ၁၃ ရက် (၀၁း၀၀) အချိန်က ၂၂ ဘီးအငှားယာဉ် အရှိန်လွန်ရာမှ လမ်းဘေးရပ်ထားသော YBS ၂၃ ယာဉ်အား ၀င်ရောက်တိုက်မိခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ သန်လျင်မြို့ ခြောက်လမ်းသွား လမ်းမအတိုင်း မြောက်မှတောင်သို့ ယာဉ်မောင်း ဇော်ကိုကိုဝင်း အသက် (၃၈)နှစ်၊ အမှတ်-၃၉၄၊ ထနီးလမ်း၊ ကမ်းနားရပ်ကွက်၊ အင်းစိန်မြို့နယ်နေသူ မောင်းနှင်လာသော 1L/---- ISUZU အမျိုးအစား ၂၂ ဘီး လိမ္မော်ရောင် အငှားယာဉ်သည် ငါးပြေမကျေးရွာ လမ်းထိပ်အရောက် အရှိန်မထိမ်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ လမ်း၏ ညာဘက်တွင် ရပ်တန့်ထားသော ယာဉ်အမှတ် 7D/---- ဟွန်ဒိုင်း အစိမ်းရောင် YBS ၂၃ လိုင်းမှ ယာဉ်မောင်း ယာဉ်ပိုင်ရှင် (စီစစ်ဆဲ) ယာဉ်အား ၀င်ရောက်တိုက်မိခဲ့သည်။

ထိုသို့ ၀င်ရောက်တိုက်မိသဖြင့် ၂၂ ဘီး ယာဉ်မောင်း ဇော်ကိုကိုဝင်းတွင် ဦးခေါင်းပေါက်ပြဲ၊ ညာဘက်ခြေသလုံး ပေါက်ပြဲ၊ ဘယ်/ညာ ခြေထောက် ပွန်းခြစ်၊ ဘယ်ဘက် လက်ပွန်းဒဏ်ရာ ရရှိသဖြင့် စံပြဆေးရုံကြီး အတွင်းလူနာ (မစိုးရိမ်ရ)ဖြင့်ဆေးကုသလျက်ရှိပြီး ယာဉ် ၂ စီးပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်အား မဆင်မခြင် မောင်းနှင်ပြီး တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ လမ်း၏ ညာဘက်ဘေးတွင် ရပ်တန့်ထားသော ယာဉ်အား ၀င်ရောက်တိုက်မိသဖြင့် လူဒဏ်ရာရရှိ၊ ယာဉ် ၂ စီး ပျက်စီးစေသူ ယာဉ်မောင်း ဇော်ကိုကိုဝင်းအား သန်လျင်မြို့မ ရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

သက်ခိုင် (သန်လျင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
၂၂ ဘီး ယာဉ် အရှိန်လွန်ရာမှ လမ်းဘေးရပ်ထားသော YBS ၂၃ ယာဉ်အား ၀င်ရောက်တိုက်မိ ၂၂ ဘီး ယာဉ် အရှိန်လွန်ရာမှ လမ်းဘေးရပ်ထားသော YBS ၂၃ ယာဉ်အား ၀င်ရောက်တိုက်မိ Reviewed by THITHTOOLWIN on 18:40 Rating: 5
Powered by Blogger.