သာပေါင်းမြို့နယ်၌ သေဆုံးနေသည့် ဆင်မ ၁ ကောင်တွေ့ရှိ


၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့ ၁၂၃၀ အချိန် ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်၊ ပျဉ်းမထုံးကျေးရွာ ဘောမိချောင်းကမ်းစပ်၌ တောဆင်ရိုင်း ၁ ကောင်သေဆုံးနေကြောင်း သိရပါသည်။

သတင်းအရ သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးတင့် ပါ(၇)ဦး၊ မြန်မာ့သစ်လုပ်ငန်းမှ ဆင်ဆရာဝန် ဒေါက်တာ မျိုးမင်းဦး၊ ဆင်ဦးစီး ဦးမောင်ကျော်ဦးနှင့် သာပေါင်းနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့တို့မှ သွားရောက်စစ်ဆေးရာ အသက် ၃၅ နှစ်ခန့်၊ အရပ် ၆ ပေ ၈ လက်မခန့်ရှိ ဆင်မ ၁ ကောင်မှာ ဝဲလည်ဂုတ်(မင်းထိုင်) အနီးနှင့် ယာနားရွက်တို့တွင် လွန်ခဲ့သော (၃)လခန့်ကရရှိသည်ဟု ယူဆရသော ဒဏ်ရာများမှ ရောဂါပိုးဝင်ကာ အင်အားချိနဲ့ပိန်ချုံးပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းက သေဆုံးခြင်း ဖြစ်နိုင်ကြောင်း သိရှိရသဖြင့် ဒီဇင်ဘာလ ၁၂ ရက်နေ့ ၁၈၃၀ အချိန် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
သာပေါင်းမြို့နယ်၌ သေဆုံးနေသည့် ဆင်မ ၁ ကောင်တွေ့ရှိ သာပေါင်းမြို့နယ်၌ သေဆုံးနေသည့် ဆင်မ ၁ ကောင်တွေ့ရှိ Reviewed by THITHTOOLWIN on 18:29 Rating: 5
Powered by Blogger.