ရေး - မော်လမြိုင်သွားကားလမ်း၌ ယာဉ်တိုက်မိရာမှ ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ ကလေးပါသေဆုံးခဲ့ရ


မွန်ပြည်နယ် ရေးမြို့ နယ် ရေး မော်လမြိုင် သွားကားလမ်း၌ ဒီဇင်ဘာ ၁၃ ရက်နေ့ မနက်ကယာဉ်တိုက်မှု ဖြစ်ပွားရာမှ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးနဲ့ ၈ လသားအရွယ်ခန့်ကလေးပါ
သေဆုံးသွားခဲ့တယ်လို ရေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ရေး မော်လမြိုင် မိုင်တိုင်အမှတ် ၇၄/၃ တွင် မော်လမြိုင်ဘက်မှ ရေးဘက်သို့ မောင်းနှင်လာသော ဆိုင်ကယ် Honda Wave 125I ယာဉ်မောင်းဦးချစ်ပု နှင့် ရေးဘက်ကနေ မော်လမြိုင်ဘက်သို့  HOND Fit အမျိုးအစားခရမ်းရောင်ယာဉ်နဲ့မျက်နှာချင်းဆိုင် တိုက်မိသဖြင့် ဆိုင်ကယ်မောင်းသူ ဦးချစ်ပုမှာ ဒဏ်ရာများ ရခဲ့ကာ ဆိုင်ကယ်နောက်မှ လိုက်ပါစီးနင်းသူ ကိုယ်ဝန်ဆောင်အသက် ၂၉ နှစ် မသန်းသန်းလွင်နဲ့ ၈ လသားကလေးပါ သေဆုံးသွားခဲ့ပါတယ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရုံးမှ သိရသည်။

Honda fit အမည်မသိယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကာ သေဆုံးသူနဲ့ ဒဏ်ရာသူအား လမိုင်းဆေးရုံးသို့ ပို့ဆောင်ထားပြီး ဒုရဲအုပ်ခန့်မျိုးဦးက တရားလိုပြုလုပ်တိုင်တန်းထားသည်။

ဖြစ်စဉ်များနဲ့ပက်သက်၍ လမိုင်းနယ်မြေရဲစခန်းကအမည်မသိယာဉ်မောင်းအား အမှုဖွင့်အရေးယူထားပြီးထွက်ပြေးတိမ်းရှောင်နေသော အမည်မသိယာဉ်မောင်းအား ရဲတပ်ဖွဲ့ဝင်တွေက စုံစမ်းဖော်ထုတ်အရေးယူသွားပါမယ် လို့ ဆိုသည်။

နေမျိုးထွဋ် - ရေး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ရေး - မော်လမြိုင်သွားကားလမ်း၌ ယာဉ်တိုက်မိရာမှ ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ ကလေးပါသေဆုံးခဲ့ရ ရေး - မော်လမြိုင်သွားကားလမ်း၌ ယာဉ်တိုက်မိရာမှ ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ ကလေးပါသေဆုံးခဲ့ရ Reviewed by THITHTOOLWIN on 18:42 Rating: 5
Powered by Blogger.