သထုံမြို့နယ်အတွင်း ယနေ့တိုင်ရှိနေသော တိုင်းရင်းသားရိုးရာ ခြံနတ်ပူဇော်ဓလေ့


မွန်ပြည်နယ် သထုံမြို့နယ် သုဝ္ဏဝတီ မြို့အနီး ပတ်ဝန်းကျင်ကျေးရွာများမှ ကရင်နှင့် ပအိုဝ်းတိုင်းရင်းသားများသည် မိမိတို့စိုက်ပျိုးထားသော ရာသီပေါ်သီးနှံ ပင်များ စတင်၍ အဖူးအပွင့်များ ထွက် ပေါ်လာချိန်နှင့် အသီးအနှံများ စတင် သီးနေချိန်အတွင်း အသီးများအောင်မြင် ဖြစ်ထွန်းစေရန်နှင့် အသီးအနှံများ အထွက်တိုးပြီး အပျက်အစီး အလေ အလွင့်မရှိစေရန်၊ ကျေးငှက်တိရ္ဆာန် များ၏ ဖျက်ဆီးမှုအ္တရာယ်မှ ကင်းဝေး စေရန်အတွက် တောပိုင် တောင်ပိုင်များ အား တင်မြှောက်ပူဇော်ခြင်း(ဒေသ အခေါ်) ခြံနတ်တင်ခြင်းကို နှစ်စဉ် ဒီဇင် ဘာလအတွင်း တစ်နှစ်တစ်ကြိမ် အစဉ် အဆက် ပြုလုပ်ခဲ့ကြပြီး ယနေ့တိုင်လည်း ထိုဓလေ့ကို ပြုလုပ်နေကြဆဲဖြစ်သည်ကို တွေ့ရသည်။

နတ်စင်ပင်

ထိုသို့ ခြံနတ်တင်သည့် ဓလေ့ကို ရာသီပေါ်သီးနှံများဖြစ်သည့် ဒူးရင်းခြံ၊ မင်းကွတ်ခြံ၊ နာနတ်ခြံများတွင်သာမက ရော်ဘာခြံများတွင်လည်း ပြုလုပ်ကြပြီး ခြံများတွင် သက်တမ်းရှည်အပင်ကြီးများ၊ အသီးများသည့်အပင်များကို နတ်စင်ပင် အဖြစ် သတ်မှတ်ကာ မိမိစိုက်ပျိုးထား သော ခြံတစ်ခြံတွင် မိမိယုံကြည်သည့် ဓလေ့ဖြစ်သည့် သက်သတ်လွတ်နတ်စင် ပင်နှင့် အသက်မလွတ် နတ်စင်ပင်ဟူ၍ ခြံတစ်ခြံလျှင် နတ်စင်ပင်နှစ်ပင်ကို သီးခြား စီ သတ်မှတ်ထားကြသည်။ ခြံနတ်တင် ရာတွင် ခြံရှင်၏ ယုံကြည်မှုအတိုင်း အသက်လွတ်နတ်စင်ပင်တွင် အသက် လွတ်ဟင်းလျာများဖြစ်သည့် ထမင်း၊ မုန့်ပဲသရေစာ၊ အချိုရည် ၊ ဖယောင်းတိုင်၊ အမွှေးတိုင်များဖြင့် ပူဇော်တင်မြှောက် ကြပြီး အသက်မလွတ် နတ်စင်ပင်တွင် ထမင်း၊ ကြက်သား၊ ကြက်ဥ ၊ အချိုရည် ဆေးလိပ် ၊ အရက် စသည်တို့ဖြင့် ပူဇော် တင်မြှောက်ကြသည်။

ခြံနတ်တင်မြှောက်ရာတွင် ကရင် တိုင်းရင်းသားနှင့် ပအိုဝ်းတိုင်းရင်းသား များ၏ ရိုးရာအလိုက် တင်မြှောက်ပုံ အနည်းငယ် ပုံသ္ဌာန်ကွဲပြားမှု ရှိကြ သော်လည်း အဓိကရည်ရွယ်ချက်ဖြစ် သည့် သီးနှံများ အောင်မြင်ဖြစ်ထွန်းရန်၊ အထွက်တိုးရန်၊ အပျက်အစီး အလေ အလွင့်နည်းရန် စသည့် အနှစ်သာရများ မှာ အတူတူပင်ဖြစ်သည်။


ဧည့်ခံကျွေးမွေး

ထိုသို့ နတ်တင်ပူဇော်တင်မြှောက်ပြီးချိန်တွင် ခြံရှင်တို့က ခြံနတ်တင်ရန် အတွက် ချက်ပြုတ်လာသော ထမင်း၊ ဟင်း၊ မုန့်ပဲသရေစာ၊ အချိုရည်၊ အရက် များဖြင့် ခြံနတ်တင်ရာ ခြံအတွင်းသို့ လာ ရောက်ကြသော ကလေး၊ လူကြီး၊ ဧည့် သည်အပေါင်းတို့အပြင် ခြံနတ်တင်နေ သည်ကို တွေ့မြင်၍ ဝင်ရောက်ကြည့်ရှု သူများအား ဧည့်ခံကျွေးမွေးကြတော့ သည်။ ယခုကဲ့သို့ ခြံနတ်တင်မြှောက် ပူဇော်ခြင်းကြောင့် သီးနှံများ အထွက် တိုး၍ စီးပွားရေးကောင်းမွန်ကာ မိမိတို့ ကိုသာမက မိသားစု၊ ဆွေမျိုးများ၏ အသက်အ္တရာယ်များကို တင်မြှောက် ပသသည့် နတ်အပေါင်းက ကာကွယ် စောင့်ရှောက်ပေးသည်ဟု တိုင်းရင်းသား များက လက်ခံယုံကြည်ကြပြီး ယနေ့ ထက်တိုင်လည်း ထိုသို့ ယုံကြည်မှုများဖြင့် ခြံနတ်တင်သည့် ရိုးရာဓလေ့ကို ပြုလုပ် နေကြဆဲဖြစ်ကြောင်း သိရသည်။

ရိုးရာဓလေ့

သုဝ္ဏဝတီမြို့ အနီးပတ်ဝန်းကျင် ကျေးရွာများဖြစ်သော ဝင်းပ၊ ဝီယော်၊ နောင်ဘို၊ မိုးကောင်း၊ တံတားဦးနှင့် ဇရစ် ချောင် ကျေးရွာများတွင် နေထိုင်ကြ သော တိုင်းရင်းသားများ၏ ဒူးရင်းခြံ၊ မင်းကွတ်ခြံ၊ နာနတ်ခြံများနှင့် ရော်ဘာခြံ များ အစရှိသည့် ဥယျာဉ်ခြံများအတွင်း၌ သီးနှံအထွက်တိုးစေရန်နှင့် လေလွင့်ပျက် စီးဆုံးရှုံးမှုနည်းစေရန်အတွက် ခြံနတ် တင်ခြင်းကို တိုင်းရင်းသားများ၏ ရိုးရာ ဓလေ့တစ်ခုအဖြစ် ဆောင်ရွက်နေကြပုံ များကို ဒီဇင်ဘာလအတွင်းမှစ၍ သီးနှံ များဖူးပွင့်ချိန် မတိုင်မီအထိ မြင်တွေ့နေ ရဆဲဖြစ်လေသည်။

ခွန်(ဝင်းပ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
သထုံမြို့နယ်အတွင်း ယနေ့တိုင်ရှိနေသော တိုင်းရင်းသားရိုးရာ ခြံနတ်ပူဇော်ဓလေ့ သထုံမြို့နယ်အတွင်း ယနေ့တိုင်ရှိနေသော တိုင်းရင်းသားရိုးရာ ခြံနတ်ပူဇော်ဓလေ့ Reviewed by THITHTOOLWIN on 10:56 Rating: 5
Powered by Blogger.