ရှမ်းပြည်နယ် တောင်ကြီးမြို့ ကန်အောက်ရပ်ကွက်ရှိ လျှပ်စစ်ဓါတ်အားခကောက်ခံသည့်ရုံး အဆောက်အဦးတွင် ဒီဇင်ဘာလ ၂၆ရက်နေ့ ည ၈နာရီ ၂၉မိနစ်ခန့်က ပရင်တာနှင့် ချိတ်ဆက်သည့် ဘက်ထရီအင်ဗာတာ အားသွင်းထားစဉ် မီးလောင်မှုဖြစ်ပွားခဲ့ရာ တစ်ထပ်သွပ်မိုးပျဉ်ကာအုတ်ညှပ် အဆောက်အဦးအပါအဝင် ရုံးသုံးပစ္စည်းများနှင့် ဆိုင်ကယ်တစ်စီး မီးလောင်ပျက်စီးခဲ့သည်။
ပျက်စီးမှုတန်ဘိုး သိန်း၃၀ကျော်ရှိပြီး အဆိုပါ မီးလောင်မှုနှင့် ပတ်သက်ပြီး လင်းသီဟလျပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးကုမ္ပဏီ၏ အုပ်ချုပ်မှုတာဝန်ခံ ဦးဟန်မော်အား မီးပေါ့ဆစွာသုံးစွဲမှုကြောင့် ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် ထားကြောင်း တောင်ကြီးမြို့မရဲစခန်း မှ သိရှိရသည်။
သံလွင်သွေးချင်း
https://www.facebook.com/thanlwinthwaychinnJournal/
တောင်ကြီးမြို့ EPC ရုံး မီးလောင်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
11:41
Rating:
