မြန်မာ့ပန်းဆယ်မျိုးတွင် ပါဝင်သည့် ပန်းယွန်းလုပ်ငန်း ပျောက်ကွယ်လုနီးဖြစ်လာသည်ဟု ဆို


ဘုရားမတင် နတ်မတင် လူတွင် ပန်းဆယ်မျိုးဟု ခေါ်ဆိုသည့် မြန်မာ့ လက်မှုပညာအတတ် ၁ဝ မျိုးတွင် တစ်ခုအပါအဝင်ဖြစ်သည့် ပန်းယွန်းခေါ် ယွန်းထည်ပစ္စည်းအမျိုးမျိုးထုတ်လုပ် သည့် လုပ်ငန်းကို ယခင်က ပုဂံဒေသ၊ ပင်းတယဒေသ၊ အင်းဝဒေသ၊ မုံရွာမြို့နယ် ကျောက္ကာဒေသ၊ စစ်ကိုင်းတိုင်းဒေသကြီး မောင်းထောင်ရွာတို့၌ တွင်တွင် ကျယ်ကျယ် ပြုလုပ်ခဲ့ကြကြောင်း သိရ သည်။

ဝါးနှီးကို အခြေခံပြုလုပ်ရသော ယွန်းထည်လုပ်ငန်းသည် မြန်မာ့လက်မှု အတတ်ပညာစစ်စစ်ဖြစ်ပြီး လူသုံးကုန် ပစ္စည်းများအဖြစ် ဆွမ်းအုပ်၊ နှီးဒေါင်း လန်း၊ လက်ဖက်အစ်၊ ကွမ်းအစ်၊ ရေနွေး ကရားအိုး၊ ရေနွေးပန်းကန်၊ ထမင်းဟင်း ပန်းကန်မျိုးစုံ၊ အောက်ခံ လင်ပန်း အမျိုးမျိုး စသဖြင့် ပြုလုပ်သုံးစွဲခဲ့ကြသည်။

ယွန်းထည်ပစ္စည်းများကို မယ်တင် ခါးဝါး၊ တင်းဝါးတို့နှင့် ပြုလုပ်ရပြီး အဆိုပါ ဝါးများကိုလည်း စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းနှင့် ခ္တီးဒေသတို့မှ မှာယူရသည်။ မှာယူရောက်ရှိလာသော ဝါးများကို ယွန်းထည်ပစ္စည်းအမျိုးမျိုး ပြုလုပ်ရန် အတွက် နှီးလောင်းအဖြစ် ခွဲခြမ်းစိတ်ဖြာ ဖြတ်တောက်ခြင်း၊ အဖြူထည်ပစ္စည်း အဖြစ် နှီးခွေခြင်း၊ ဓားကောက်ဖြင့် အချောသတ်ခြင်း၊ သစ်စေးရည်သုတ် ခြင်း၊ မြေတိုက်သွင်းခြင်း၊ သားရိုးကိုင်ခြင်း၊ ကော်ပတ်စားခြင်း၊ နန်းဆွဲပန်ြး<ွက တင်ခြင်း၊ မြေတိုက်ပြန်သွင်းခြင်း စသည် ဖြင့် ယွန်းထည်ပစ္စည်းတစ်မျိုးကို ဝါးအဆင့်မှ ကုန်ချောဖြစ်လာသည်အထိ အချိန် ခြောက်လကျော်ကြာမြင့်ကြောင်း သိရသည်။

မြန်မာ့လက်မှုပညာ ယွန်းထည် ပစ္စည်းများကို ထိုကဲ့သို့ အဆင့်ဆင့် အချိန်ကာလများစွာ ယူ၍ လုပ်ကိုင် ဆောင်ရွက်ရပြီး ကုန်ချောအဖြစ် အသုံး ပြုရန် အသင့်ဖြစ်နေသည့် ယွန်းထည်များ မှာလည်း အပူအအေးခံနိုင်ခြင်း၊ ကြာရှည် ခံခြင်း၊ ထိခိုက်ပျက်စီးမှု နည်းပါးခြင်း၊ ပေါ့ပါးလှပခြင်း စသည့် အရည်အသွေး ကောင်းများ ရှိနေခြင်းတို့ကြောင့် ရှေးယခင် မှစ၍ ယနေ့အချိန်အထိ သုံးစွဲသူတို့ သဘောကျ နှစ်သက်ခဲ့ကြသည်။

သို့သော်လည်း မြန်မာ့ယွန်းထည် ပစ္စည်းများမှာ အချိန်ကာလကြာမြင့်စွာ အနုစိတ် ပြုလုပ်ဆောင်ရွက်ရခြင်း၊ ကုန်ကြမ်းပစ္စည်း ရှားပါးလာခြင်း၊ မျိုးဆက်သစ်ကျွမ်းကျင်လုပ်သား နည်းပါး လာခြင်းတို့အပြင် ဈေးကွက်အတွင်းသို့ ပြည်ပနိုင်ငံအသီးသီးမှ ဈေးနှုန်းချိုသာ စွာဖြင့် ထိုးဖောက်ဝင်ရောက်လာကြသော စတီး၊ ဖန်၊ြေ<ွက၊ ပလတ်စတစ်ပစ္စည်းမျိုးစုံ တို့ကြောင့် တစ်စတစ်စ လူသုံး နည်းလာ ကာ မြန်မာ့ယွန်းထည်လုပ်ငန်းသည်လည်း တဖြည်းဖြည်း လျော့နည်းပျောက်ကွယ် စပြုလာကြောင်း သိရသည်။
''အရင်က ယွန်းထည်လုပ်ငန်းကို ကျောက္ကာတစ်ရွာလုံး မိရိုးဖလာလုပ်ငန်း တစ်ခုအနေနဲ့ လုပ်ကိုင်လာကြတာပါ၊ အခုတော့ ကုန်ကြမ်းရှား၊ လုပ်သားရှား၊ ဈေးကွက်ရှားနဲ့ ရွာမှာ ယွန်းထည်လုပ်ငန်း လုပ်ကိုင်သူ ၁ဝ ဦးလောက်ပဲရှိတော့တယ်၊ လုပ်ကိုင်နေကြသူ အားလုံးလိုလိုကလည်း ပြည်တွင်းဈေးကွက်ထဲ ထိုးဖောက် ဝင်ရောက်ဖို့အတွက် မဟုတ်တော့ဘဲ ထိုင်း၊ ပြင်သစ်၊ ဂျာမနီ၊ စပိန်စတဲ့ ပြည်ပ နိုင်ငံတွေကနေ အော်ဒါတွေရှိနေလို့ လုပ်ငန်းဆက်လက် ရပ်တည်နေနိုင်ကြ တာပါ၊ ပြည်တွင်းဈေးကွက်တစ်ခုတည်း အတွက်နဲ့သာဆိုရင် လုပ်ငန်းတွေရပ်ကုန် တာကြာလှပါပြီ၊ အခုအသစ်ထွက်ရှိနေတဲ့ ခေတ်မီလူသုံးကုန်ပစ္စည်းတွေနဲ့ ယွန်းထည် ပစ္စည်းတွေက ဈေးနှုန်းအရဆိုရင်လည်း အဆမတန် ကွာခြားမှုရှိနေတာ ကြောင့် သုံးစွဲသူတွေက ပေါ့ပေါ့ပါးပါး ဈေးသက်သာပြီး မြို့တိုင်း၊ ရွာတိုင်း၊ နေရာတိုင်းမှာ အလွယ်တကူ ဝယ်ယူသုံးစွဲ လို့ရတဲ့ ပစ္စည်းတွေကိုပဲ ဝယ်ယူသုံးစွဲကြ တော့တယ်၊ ဒါကြောင့် မြန်မာ့ယွန်းထည် လုပ်ငန်းက တဖြည်းဖြည်းနဲ့ ပျောက်ကွယ် လုနီးပါးဖြစ်လာပါပြီ'' ဟု မုံရွာမြို့နယ် ကျောက္ကာ (မြောက်) ရွာမှ ရွှေကနုတ် ယွန်းထည်လုပ်ငန်းပိုင်ရှင် ဦးစိုးမိုးကျော် က ပြောသည်။ ။

သက်နိုင် (ပြင်ဦးလွင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မြန်မာ့ပန်းဆယ်မျိုးတွင် ပါဝင်သည့် ပန်းယွန်းလုပ်ငန်း ပျောက်ကွယ်လုနီးဖြစ်လာသည်ဟု ဆို မြန်မာ့ပန်းဆယ်မျိုးတွင် ပါဝင်သည့် ပန်းယွန်းလုပ်ငန်း ပျောက်ကွယ်လုနီးဖြစ်လာသည်ဟု ဆို Reviewed by THITHTOOLWIN on 10:55 Rating: 5
Powered by Blogger.