ကျောင်းကုန်းမြို့တွင် စက်လှေပေါ်မှ လူတစ်ဦး ပြုတ်ကျသေဆုံး


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဘုရားကြီးကုန်းအုပ်စု၊ ဘုရားကြီးကုန်းကျေးရွာအနီးမှာ ဒီဇင်ဘာလ (၉) ရက် မွန်းလွဲ (၁) နာရီအချိန်က စက်လှေပေါ်ကနေ လူတစ်ဦး ပြုတ်ကျသေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။

 ဖြစ်စဉ်မှာ ကျောင်းကုန်းဘက်ကနေ အိမ်မဲဘက်ကို မင်းမနိုင်ချောင်းအတိုင်း မောင်းနှင်လာတဲ့ အဖြူရောင်ပဲ့ထောင်ဟာ ဘုရားကြီးကုန်းကျေးရွာ အနီးအရောက် စက်လှေပေါ်မှာ လိုက်ပါလာသူ အသက်(၄၄)နှစ် အရွယ် အမျိုးသားတစ်ဦးက အရက်မူးနေပြီး စက်လှေအမိုးပေါ် တက်သွားကာ ပုဆိုးပြင်ဝတ်စဉ် ပြုတ်ကျသွားကြောင်း စစ်ဆေးတွေ့ရှိရပါတယ်။


 ပြုတ်ကျသွားသူကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေ၊ မိသားစုဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေက ငါးမြှားချိတ်တန်းနဲ့ ချိတ်ဆွဲရှာဖွေရာ ညနေ (၆)နာရီ (၄၅)မိနစ် အချိန်ခန့်က ကူးတို့ဆိပ်အနီးမှာ တွေ့ရှိရပါတယ်။

 ရေထဲပြုတ်ကျသွားသူမှာ ပြင်ပဒဏ်ရာတစ်စုံတစ်ရာ မရရှိဘဲ သေဆုံးနေတာကို တွေ့ရှိရတဲ့အတွက် ရေယာဉ်ကို မဆင်မခြင်မောင်းနှင်လို့ လူကိုထိခိုက်သေဆုံးစေခဲ့တဲ့အတွက် ပဲ့ထောင်မောင်းသူကို ကျောင်းကုန်း မြို့မရဲစခန်းက (ပ)၂၅၉/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ- ၂၈၀/၃၀၄-က နဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း မြို့မရဲစခန်းက သိရပါတယ်။ ဒီသတင်းကို ဝင်းကြိုင်(ကျောင်းကုန်း)က ပေးပို့တာ ဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb
ကျောင်းကုန်းမြို့တွင် စက်လှေပေါ်မှ လူတစ်ဦး ပြုတ်ကျသေဆုံး  ကျောင်းကုန်းမြို့တွင် စက်လှေပေါ်မှ လူတစ်ဦး ပြုတ်ကျသေဆုံး Reviewed by THITHTOOLWIN on 20:12 Rating: 5
Powered by Blogger.