မြဝတီ-ကော့ကရိတ်အမြန်လမ်းတွင် မော်တော်ယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွား


မြဝတီ-ကော့ကရိတ် အမြန်လမ်းမှာ မော်တော်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ဖြစ်စဉ်မှာ ဒီဇင်ဘာ(၉) ရက် မနက် (၁ဝ)နာရီအချိန်က မြဝတီကနေ ထွက်ခွာလာတဲ့ Misubishi Grandis အမျိုးအစားယာဉ်ဟာ မြဝတီကော့ကရိတ်အမြန်လမ်း ကီလိုမီတာ (၁၅၉)
နဲ့ (၁၆ဝ)ကြား ကွမ်းခြံကွေ့ကုန်းအတက်မှာ ကားစက်ခေါင်းက မီးခိုးတွေ ထွက်လာတဲ့အတွက် လမ်းဘေးကို ထိုးရပ်လိုက်ရပါတယ်။


 အဲဒီအခါ ကားရဲ့ စက်ခေါင်းက မီးခိုးတွေ အူထွက်လာတဲ့အတွက် ယာဉ်ပေါ်ပါသူ အားလုံးယာဉ်အောက်ကို ပေးဆင်းလိုက်ရာ ခဏအကြာ ယာဉ်တစ်စီးလုံး မီးလောင်ကျွမ်းခဲ့ပါတယ်။

 အခုလို မီးလောင်နေတဲ့အတွက် အနီးအနားက မော်တော်ယာဉ်တွေက မြဝတီမီးသတ်ဦးစီးဌာနကို အကြောင်းကြားပေးရာ မြဝတီမီးသတ်ဦးစီးဌာနက မီးသတ်တပ်ဖွဲ့ဝင်တွေက မီးသတ်ယာဉ်နှစ်စီးနဲ့ အမြန်ဆုံးလာရောက်မီးငြိမ်းသတ်ပေးခဲ့တယ်လို့ သိရပါတယ်။


ကားမီးလောင်တဲ့အတွက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်တွေကလည်း အမြန်ဆုံးသွားရောက်ခဲ့ကာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီး ယာဉ်ကိုကြံ့ခိုင်မှုစစ်ဆေးခြင်းမရှိဘဲ ပေါ့ဆစွာမောင်းနှင်တဲ့ ယာဉ်မောင်းကို ရဲအုပ်မြဝင်းက တရားလိုပြုလုပ်တိုင်ကြားတဲ့အတွက် ကော့ကရိတ်မြို့မ ရဲစခန်းက ယာဉ်မောင်းသူကို(ပ)၄၉၁/၂ဝ၁၇၊ ရာဇသတ်ကြီးပုဒ်မ(၂၈၅)နဲ့ အမှုဖွင့်အရေးယူထားကြောင်း သိရပါတယ်။ဒီသတင်းကို နွေသစ်လင်း (မြဝတီ)က ပေးပို့တာ ဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb
မြဝတီ-ကော့ကရိတ်အမြန်လမ်းတွင် မော်တော်ယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွား မြဝတီ-ကော့ကရိတ်အမြန်လမ်းတွင် မော်တော်ယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 20:21 Rating: 5
Powered by Blogger.