ပင်လယ်ပြင်တွင် ကျားဖောင် ၁၃ ဖောင်နှင့် အလုပ်သမား ၃၉ ဦး မျောပါပျောက်ဆုံးနေ


အမာ ဒီဇင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး အမာမြို့ ခါးပြတ် ကျေးရွာတွင် ဒီဇင်ဘာ ၂၁ ရက် ညနေပိုင်းက ပင်လယ်ပြင်တွင် ငါးပုစွန် ဖမ်းဆီးသည့် ကျားဖောင် ၁၃ ဖောင်နှင့် အလုပ်သမား ၃၉ ဦး ပင်လယ်ထဲ မျောပါပျောက်ဆုံးနေကြောင်း သိရ သည်။

ဒီဇင်ဘာ ၂ဝရက် နံနက်ပိုင်းတွင် ဦးအောင်ခင် ပိုင်ဆိုင်သည့် ကျားဖောင် ခြောက်ဖောင် လေပြင်းတိုက်ခတ်မှု ကြောင့် ကြိုးပြတ်ပြီး မျောပါသွား၍ ကျားဖောင်တစ်ဖောင်လျှင် အလုပ်သမား သုံးဦးစီ ပါရှိသောကြောင့် လူ ၁၈ ဦး ပျောက်ဆုံးနေကြောင်း၊ ထပ်မံ၍ ယင်း နေ့ ညနေပိုင်းတွင် ကျားဖောင်ခုနစ်ဖောင် ပျောက်ဆုံးသွားရာ စုစုပေါင်း ကျားဖောင် ၁၃ ဖောင်နှင့် အလုပ်သမား ၃၉ ဦး ပျောက်ဆုံးလျက်ရှိကြောင်း ခါးပြတ်ကျေးရွာ နယ်မြေမှူး ဦးဌေးဝင်း ထံမှ သိရသည်။

နှစ်စဉ်အရှေ့ဘက်မှ လေပြင်း တိုက်ခတ်ချိန်များတွင် ကျားဖောင်များ ကြိုးပြတ်ပြီး မျောပါတတ်ကြောင်း၊ ကမ်းစပ်သို့ ပြန်လည်ဆိုက်ကပ်တတ် ကြောင်းနှင့် ကမ်းကပ်ချိန်တွေ့ရှိပါက သက်ဆိုင်ရာသို့ အကြောင်းကြားပြီး ဖောင်နှင့် အလုပ်သမားများကို ဆယ် ထားပေးစေလိုကြောင်း၊ ယခုမျောပါနေ သောဖောင်များတွင် ရွှေစင်ဖြိုးအလုပ်ရုံ အမှတ် အသားဖြစ်သော(SZP)စာသား ကို ဖောင်အတွင်း အလုပ်သမား များ နေထိုင်သည့် အိမ်ငယ်လေးများ နံရံ မြင်သာသည့်နေရာတွင်ရေး ထားကြောင်း သိရသည်။

ဝင်းမြင့်အောင်(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ပင်လယ်ပြင်တွင် ကျားဖောင် ၁၃ ဖောင်နှင့် အလုပ်သမား ၃၉ ဦး မျောပါပျောက်ဆုံးနေ ပင်လယ်ပြင်တွင် ကျားဖောင် ၁၃ ဖောင်နှင့် အလုပ်သမား ၃၉ ဦး မျောပါပျောက်ဆုံးနေ Reviewed by THITHTOOLWIN on 09:47 Rating: 5
Powered by Blogger.