တောင်ကိုရီးယားနိုင်ငံတွင် အထပ်မြင့် အဆောက်အအုံတစ်လုံးမီးလောင် အနည်းဆုံး လူ ၁၆ ဦးခန့် သေဆုံး


ဆိုးလ် ဒီဇင်ဘာ ၂၁

တောင်ကိုရီးယားနိုင်ငံအလယ်ပိုင်းရှိ ဂျန်ချွဲမြို့တွင် အထပ်မြင့်အဆောက်အအုံတစ်လုံး မီးလောင်သဖြင့် အနည်းဆုံး လူ ၁၆ ဦးခန့်သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒီဇင်ဘာလ ၂၁ ရက်နေ့ သတင်းများအရ သိရသည်။

အဆိုပါ ရှစ်ထပ်တိုက်အဆောက်အအုံတွင် အားကစားခန်းမတစ်ခု၊ ရေနွေးငွေ့ရေချိုးခန်းနှင့် စားသောက်ဆိုင်အများအပြား ဖွင့်လှစ်ထားသည်။

ဒီဇင်ဘာ ၂ဝ ရက် ညနေ ၄ နာရီဝန်းကျင်တွင် မီးစတင်လောင်ကျွမ်း ပျံ့နှံ့ခဲ့သည်။ ယခုအချိန်ထိ သေဆုံးသူဦးရေ အနည်းဆုံး ၁၆ ဦးခန့်ရှိပြီး ၁၈ ဦးမှာ ဒဏ်ရာရရှိသဖြင့် ဆေးကုသမှုခံယူရန် ဆေးရုံများသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

မီးစတင်လောင်ကျွမ်းမှုမှာ ကားရပ်နားရာနေရာမှ စတင်နိုင်ဖွယ်ရှိကြောင်း မီဒီယာများက ဆိုသည်။

မီးသတ်သမားများနှင့် ကယ်ဆယ်ရေးလုပ်သားများက အခင်းဖြစ်အဆောက်အအုံ အနှံ့အပြားတွင် အသက် ရှင်လျက် ပိတ်မိနေသူများအား ကယ်ဆယ်ရေးလုပ်ငန်း များ ဆောင်ရွက်လျက်ရှိသည်။ သေဆုံးမှုနှုန်း မြင့်တက် နိုင်ဖွယ်ရှိကြောင်း ခန့်မှန်းရသည်။

အင်န်အိတ်ခ်ျကေ
The Mirror Daily
https://www.facebook.com/TheMirrorDaily
တောင်ကိုရီးယားနိုင်ငံတွင် အထပ်မြင့် အဆောက်အအုံတစ်လုံးမီးလောင် အနည်းဆုံး လူ ၁၆ ဦးခန့် သေဆုံး တောင်ကိုရီးယားနိုင်ငံတွင် အထပ်မြင့် အဆောက်အအုံတစ်လုံးမီးလောင် အနည်းဆုံး လူ ၁၆ ဦးခန့် သေဆုံး Reviewed by THITHTOOLWIN on 10:09 Rating: 5
Powered by Blogger.