၂၀၁၇ တွင် ယာဉ်တိုက်မှုကြောင့် ရခိုင်ပြည်နယ်တွင် သေဆုံးသူ ၁၄၆ ဦးရှိ

(ဓာတ်ပုံ- ရခိုင်ပြည်နယ်မှ မတော်တဆဖြစ်စဉ်အတွင်း တိမ်းမှောက်သွားသည့် ကားတစ်စီးကိုတွေ့ရစဉ်)
 စစ်တွေ၊ ဒီဇင်ဘာ ၂၁

ရခိုင်ပြည်နယ်တစ်ခုလုံးတွင် ၂၀၁၇ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာ ၂၀ ရက်နေ့ထိ ယာဉ်တိုက်၍ သေဆုံးသူ ၁၄၆ ဦးရှိကြောင်း သတင်းရရှိသည်။

အဆိုပါ ပမာဏသည် ယခင်နှစ်ကထက် ပိုများလာကြောင်း၊ ၂၀၁၆ ခုနှစ် အတွင်း ရခိုင်ပြည်နယ်ရှိ ယာဉ်တိုက်သေဆုံးသူဦးရေ ၁၂၀ခန့် ရှိခဲ့ကြောင်း၊ ယခုနှစ် ဒီဇင်ဘာလ ယနေ့ အချိန်ထိ ယာဉ်တိုက်၍ သေဆုံး သူဦးရေ ၁၄၆ ဦးရှိခဲ့ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး မှုခင်းဌာနမှ ရဲအုပ်မျိုးသန့် က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ယခုကဲ့သို့ ယာဉ်တိုက်မှု များလာခြင်းမှာ ရခိုင်ပြည်နယ်ရှိ ယာဉ်အရေအတွက်မှာ ယခင် နှစ်ထက်ကထက် များပြားလာပြီး အများစု ကားမောင်းသူများမှာ ယာဉ်စည်ကမ်းကို လိုက်နာမှု မရှိ၍ ဖြစ်သည်ဟု သူက ပြောဆိုသည်။

စစ်တွေ ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ ခွဲမှူးရုံးမှ ရဲမှူး ဥာဏ်လင်းက “ ယာဉ်မောင်းနှင်သူတွေက ယာဉ်စည်းကမ်းကို မသိဘူး၊ မူးရူးပြီးတော့မောင်းတယ်၊ အချိန်ပြင်းပြင်းမောင်းကြတယ် ၊ နမော်နမဲ့ နိုင်ကြလို့  ယာဉ်တိုက်တာ များလာပြီးတော့ ယာဉ်တိုက်သေဆုံးတာတွေ များလာတာဖြစ်ပါတယ်” ဟု ပြောသည်။

မြို့ထဲတွင် မိုင် ၃၀ အထက် ပိုမောင်းနှင်ခွင့် မရှိသော်လည်း ဆိုင်ကယ်များမှာ သတ်မှတ် မိုင်ထက် ပိုမောင်းနှင်ကြကြောင်း၊ နောက်တစ်ကြောင်းမှာ အရက်သေစာသောက်စားမောင်းနှင်မှုက ပိုများ၍ ဖြစ်ကြောင်း သူက ဆက်ပြောသည်။

အမြန်လမ်းများတွင်လည်း အရှိန်ပြင်းပြင်း မောင်းခြင်းကြောင်း အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိုက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်း ဖြစ်သည် ဟု သိရသည်။

ယာဉ်မတော်တဆ တိုက်မှုမှာ ၂၀၁၆ခုနှစ်တွင် ၄၀၄ မှု ရှိခဲ့သော်လည်း ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ယနေ့ အချိန် အထိ ယာဉ်တိုက်မှု ၄၀၀မှုသာ ရှိကြောင်း သူက ပြောသည်။

မဘုကေ
Narinjara
https://www.facebook.com/Narinjara
၂၀၁၇ တွင် ယာဉ်တိုက်မှုကြောင့် ရခိုင်ပြည်နယ်တွင် သေဆုံးသူ ၁၄၆ ဦးရှိ ၂၀၁၇ တွင် ယာဉ်တိုက်မှုကြောင့် ရခိုင်ပြည်နယ်တွင် သေဆုံးသူ ၁၄၆ ဦးရှိ Reviewed by THITHTOOLWIN on 17:44 Rating: 5
Powered by Blogger.