ဟင်္သာတမြို့တွင် လက်လုပ်ဗုံးအတုထောင်ပြီး ဓါတ်ဆီဆိုင်မှ ငွေခြိမ်းခြောက် တောင်းယူမှုဖြစ်ပွား

ဓါတ်ပုံ - Shwe Wint War
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ရှိ ရွှေခြင်္သေ့ ဓါတ်ဆီဆိုင်အနီးတွင် ဒီဇင်ဘာ ၂၀ ရက် ည(၈း၀၀) နာရီခန့်က လက်လုပ်ဗုံးတစ်ခုထောင်ပြီး ဓါတ်ဆီဆိုင်ပိုင်ရှင်ထံမှ ငွေကျပ်သိန်း (၂၀၀) ခြိမ်းခြောက်တောင်းယူမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဟင်္သာတမြို့ လယ်တီကွင်းရပ်ကွက်၊ အင်္ဂပိုလ်လမ်းထိပ်ရှိ ရွှေခြင်္သေ့ဓာတ်ဆီဆိုင်အနီးတွင် ဆိုင်ကယ်ဘတ္ထရီ အိုးကို ဝါယာကြိုးများနှင့်ပတ်၍ ဖုန်းအဟောင်းတစ်လုံးနှင့် ဆက်သွယ်ထားသည့် လက်လုပ်ဗုံးတစ်ခုထောင်ကာ ခြိမ်းခြောက်ငွေတောင်းခဲ့ခြင်းဖြစ်ကြောင်း ဟင်္သာတမြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
“ထောင်တဲ့ကောင်လေးက ဒါကို ဓါတ်ဆီဆိုင်ထောင့်မှာထားတယ်။ မပေါက်ကွဲစေရင် ပိုက်ဆံသိန်း ၂၀၀ ပေးရ မယ်လို့တောင်းတော့ ဆိုင်ပိုင်ရှင်က ကျွန်တော်တို့အဖွဲ့အစည်းတွေဆီ လှမ်းသတင်းပို့တယ်။ ဓါတ်ဆီဆိုင်ပိုင်ရှင် ကို ဆက်တဲ့ဖုန်းက စုံစမ်းကြည့်တော့ မိန်းကလေးတစ်ယောက်နာမည်နဲ့ မှတ်ပုံတင်ထားတဲ့ဖုန်း ဖြစ်နေတယ်။”ဟု ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က ပြောသည်။

လက်လုပ်ဗုံးထားသည်ဆိုသည့် နေရာကို ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးတာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော် မိုင်းရှင်းလင်းရေးအဖွဲ့တို့ ရောက်ရှိပြီး လက်လုပ်ဗုံးအတုဟု သတ်မှတ်၍ အချိန်မီရှင်လင်းခဲ့ပြီး လာရောက်ထားသွားကာ ဖုန်းဆက်ငွေတောင်းခဲ့သည့် လူငယ်အား ဓါတ်ဆီဆိုင်မှ ရရှိသော CCTV မှတ်တမ်း များကို ပြန် လည်ကြည့်ရှုရှာဖွေလျက်ရှိကြောင်း သိရသည်။
“ဗုံးကို ဖုန်းနဲ့တွဲထားပြီး ကားတာယာကွင်းထဲ ထည့်ထားတာပါ။ ဗုံးထောင်တဲ့သူက သူအားလုံးတွေ့နေရကြောင်း ပြောတယ်လို့ ကြားပါတယ်။”ဟု ဟင်္သာတမြို့ခံ တစ်ဦးက ပြောသည်။
အဆိုပါ ကိစ္စနှင့်ပတ်သတ်ပြီး ဟင်္သာတမြို့မ ရဲစခန်းအား ဆက်သွယ်မေးမြန်းရာ စစ်ဆေးနေဆဲ ဖြစ်သောကြောင့် ပြောဆို၍ မရသေးကြောင်း ပြန်လည်ဖြေဆိုခဲ့သည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ဟင်္သာတမြို့တွင် လက်လုပ်ဗုံးအတုထောင်ပြီး ဓါတ်ဆီဆိုင်မှ ငွေခြိမ်းခြောက် တောင်းယူမှုဖြစ်ပွား ဟင်္သာတမြို့တွင် လက်လုပ်ဗုံးအတုထောင်ပြီး ဓါတ်ဆီဆိုင်မှ ငွေခြိမ်းခြောက် တောင်းယူမှုဖြစ်ပွား Reviewed by THITHTOOLWIN on 12:15 Rating: 5
Powered by Blogger.