မြစ်ကြီးနား-မန္တလေး ရထားလမ်းပိုင်းရှိ မိုးကောင်းဘူတာနှင့် နမ္မတီးဘူတာကြားတွင် အဆန်ကုန်ရထားတွဲချော်၍ ကုန်တင်တွဲ(၃)တွဲ တိမ်းမှောက်မှုဖြစ်ပွား


မိုးကောင်း ဒီဇင်ဘာ ၂၂

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အတွင်း မြစ်ကြီးနား-မန္တလေးရထားလမ်းပိုင်း မိုးကောင်းဘူတာနှင့် နမ္မတီးဘူတာအကြားတွင် ဒီဇင်ဘာ၂၁ရက် ည၈နာရီခွဲက မန္တလေးမှ ထွက်ခွာလာသော အမှတ်(၉၃၃)ကုန်ရထားတစ်စီး တွဲချော်တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မန္တလေးဖက်မှ မြစ်ကြီးနားဖက်သို့ စက်ခေါင်းမောင်း ဦးခင်မောင်ကြည်နှင့် ဦးကျော်မြင့်တို့ မောင်းနှင်လာသော အမှတ်(933)ကုန်တင်အဆန်ရထားသည် မိုးကောင်းဘူတာ၏ မြောက်ဖက်(၃)မိုင်ခန့်အကွာ မီးရထားမိုင်တိုင်အမှတ်(၆၈၉/၆နှင့် ၆၈၉/၉)ကြားတွင် ကုန်တင်တွဲ(၃)တွဲတိမ်းမှောက်ပြီး (၂)တွဲမှာ လမ်းချော်တိမ်းစောင်း၍ မီးရထားသံလမ်းဆက်(၄)ဆက် ပျက်ဆီးသွားကြောင်း သိရသည်။


ရထားတွဲတိမ်းမှောက်ရာနေရာသို့ မိုးကောင်းဘူတာ ရုံပိုင်လေးဦးစံထွန်းသိန်း၊မိုးကောင်းမြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီးရွှေရွှေဟန်နှင့်တပ်ဖွဲ့ဝင်များ၊မီးရထားရဲ ရဲတပ်ကြပ်ကြီးရဲမင်းနှင့်တပ်ဖွဲ့ဝင်များ၊မိုးကောင်းမီးသတ်တပ်ဖွဲ့ဝင်များ၊မိုးညှင်းမြို့၊မြစ်ကြီးနားမြို့တို့မှ ကရိန်းများလာရောက်ကာ မီးရထားလမ်းပိုင်းများ အချိန်မီပြန်လည်ကောင်းမွန်ရေး ရထားများအချိန်မီထွက်ခွာနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး မြစ်ကြီးနားလမ်းပိုင်းမှရထားစီးခရီးသည်များနှင့် မန္တလေးလမ်းပိုင်းမှရထားစီးခရီးသည်များအား ရထားချိန်းပြောင်းပြီး ထွက်ခွာပေးမည်ဖြစ်ကြောင်း သိရသည်။

ဝင်းနိုင် ကချင်မြေ
မိုးကောင်းသတင်းမီဒီယာ
https://www.facebook.com/mogaungnews.media/
မြစ်ကြီးနား-မန္တလေး ရထားလမ်းပိုင်းရှိ မိုးကောင်းဘူတာနှင့် နမ္မတီးဘူတာကြားတွင် အဆန်ကုန်ရထားတွဲချော်၍ ကုန်တင်တွဲ(၃)တွဲ တိမ်းမှောက်မှုဖြစ်ပွား မြစ်ကြီးနား-မန္တလေး ရထားလမ်းပိုင်းရှိ မိုးကောင်းဘူတာနှင့် နမ္မတီးဘူတာကြားတွင် အဆန်ကုန်ရထားတွဲချော်၍ ကုန်တင်တွဲ(၃)တွဲ တိမ်းမှောက်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 11:00 Rating: 5
Powered by Blogger.