မြစ်ကြီးနား - မန္တလေး လမ်းပိုင်း (၂၂.၁၂.၂၀၁၇) မီးရထားချိန်များ


မြန်​မာ့မီးရထား အမှတ်​(၁)တိုင်း၊ မိုး​ကောင်းဘူတာနှင့်​ နမ္မတီးဘူတာ အကြား (၂၁.၁၂.၂၀၁၇)​နေ့ အမှတ်​(၉၃၃)အဆန်​ ကုန်​ရထား မ​တော်​တဆမှုဖြစ်​ပွား​နေပါ၍ ရထားစီးခရီးသည်​များအတွက်​ ​အောက်​ပါအစီအစဉ်​အတိုင်း ​ဆောင်​ရွက်​​ပေးထား​ကြောင်း သိရှိရပါသည်​။

၁။အမှတ်​ (၄၂)အစုန်​နှင့်​ အမှတ်​ (၅၆)အစုန်​ရထား နှစ်​စင်း​၏ ခရီးသည်​များပေါင်းပြီး အမှတ်​ (၅၆)အစုန်​ ရထားနံပါတ်​ဖြင့်​ မြစ်​ကြီးနား မှထွက်​ခွာလာပါမည်​။

၂။အမှတ်​ (၅၇) အဆန်​ရထား မိုး​ကောင်းဘူတာသို့ ​ရောက်​ရှိပါက မြစ်​ကြီးနား မှဆင်းလာ​သော အမှတ်​ (၅၆)အစုန်​ရထားနှင့်​ ခရီးသည်​ချိန်း​ပြောင်း (Transit ) ပြုလုပ်​​ပေးမည်​။( ၅၇ <=> ၅၆ )။

၃။ ခရီးသည်​ချိန်း​ပြောင်းပြီး ဆင်းလာ​သော အမှတ်​ (၅၇)အဆန်​ရထားတွဲဆိုင်းအား အမှတ်​ (၅၆)အစုန်​ ရထားနံပါတ်​ဖြင့်​ မန္တ​လေး သို့ ဆက်​လက်​ထွက်​ခွာ​ပေးပါမည်​။

၎။ အမှတ်​ (၅၆)အစုန်​ရထားဖြစ်​​သော်​လည်း အမှတ်​ (၄၂)အစုန်​ ရပ်​​သော ဘူတာများအားလုံးတွင်​ ရပ်​တန့်​​ပေးမည်​ဖြစ်​ပါသည်​။

၅။ လက်​မှတ်​ ​ရောင်းချမှုအဖြစ်​ အမှတ်​ (၄၂)အစုန်​၊ အမှတ်​ (၅၆)အစုန်​ ရထားများ၏ ရိုးရိုးတန်း၊ အထက်တန်းထိုင်​ခုံခွဲတမ်းများ အ​ရောင်းပိတ်​ကာ ခုံမဲ့ခရီးသည်​များအဖြစ်​ မျှတစွာ အမှတ်​ (၅၆)အစုန်​ရထားတွင်​ စီးနင်​ကြရပါမည်​။

၆။ အမှတ်​ (၅၆)အစုန်​ရထား ရပ်​တန့်​​သောဘူတာများမှ အမှတ်​ (၅၆)အစုန်​ရထားလက်​မှတ်​ဖြင့်​ ​ပုံမှန်အတိုင်း​​ရောင်းချပြီး အမှတ်​ (၄၂)အစုန်​ ရထားရပ်​​သော ဘူတာများမှသာလျှင်​ အမှတ်​ (၄၂)အစုန်​ရထား လက်​မှတ်​သာ ​ရောင်းချရမည်​ ဖြစ်​ပါသည်​။

၇။ အမှတ်​ (၃၇)အဆန်​နှင့်​ အမှတ်​ (၃၈)အစုန်​ ရထားနှစ်​စင်းသည်​လည်းပဲ ခရီးသည်​ချိန်း​ပြောင်း (Transit ) ပြုလုပ်​​ပေးပြီး (၃၈)အစုန်​အဖြစ်​ မန္တ​လေး သို့ ပုံမှန်​အတိုင်း ဆင်းလာမည်​ ဖြစ်​ပါသည်​။ (37 <=> 38 )

၈။ ယ​နေ့ (၂၂.၁၂.၂၀၁၇)ရက်​​နေ့အတွက်​ အမှတ်​ (၄၂)အစုန်​ရထားနှင့်​ အမှတ်​ (၅၈)အစုန်​ ရထားများ မရှိ/ဖျက်​သိမ်း​ကြောင်း သိရှိရပါသည်​။

နေမျိုးမင်း (ခ)ထွန်းဝင်းဟန်​ (၂၂.၁၂.၂၀၁၇)
နန့်​စီး​အောင်​ ဘူတာ။
မြစ်ကြီးနား - မန္တလေး လမ်းပိုင်း (၂၂.၁၂.၂၀၁၇) မီးရထားချိန်များ မြစ်ကြီးနား - မန္တလေး လမ်းပိုင်း (၂၂.၁၂.၂၀၁၇) မီးရထားချိန်များ Reviewed by THITHTOOLWIN on 11:01 Rating: 5
Powered by Blogger.