အမေရိကန် စစ်ရဟတ်ယာဉ်မှ ပြတင်းပေါက်ဟုယူဆရသော အရာဝတ္တု တစ်ခု ဂျပန်နိုင်ငံ အိုကီနာဝါရှိ ကျောင်းပေါ်သို့ ပြုတ်ကျ

အမေရိကန် ပို့ဆောင်ရေး ရဟတ်ယာဉ်မှ ပြုတ်ကျခဲ့သော ပြတင်းပေါက် ဓာတ်ပုံအား ကိုင်တွယ် ပြသနေသော အိုကီနာဝါ အုပ်ချုပ်ရေးမှူးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
 တိုကျို၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)

    အမေရိကန်နိုင်ငံ စစ်ရဟတ်ယာဉ် တစ်စင်းမှ တံခါးပေါက် တစ်ချပ် ဒီဇင်ဘာလ ၁၃ ရက်က ပြုတ်ကျခဲ့သည်ဟု အိုကီနာဝါရှိ အမေရိကန်စစ်တပ်က ပြောကြားခဲ့ကြောင်း ဂျပန်နိုငငံ တောင်ဘက်စွန်း စီရင်စုရှိ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ရဟတ်ယာဉ်ပေါ်မှ အရာဝတ္ထုတစ်ခုက အိုကီနာဝါရှိ ဂီနိုဝမ်စီရင်စုရှိ မူလတန်းကျောင်း တစ်ခု၏ ကွင်းထဲသို့ ပြုတ်ကျခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက အတည်ပြုပြောကြားခဲ့သည်။

အဆိုပါ ရဟတ်ယာဉ်သည် ပို့ဆောင်ရေး ရဟတ်ယာဉ် CH-53E မှ ပြတင်းပေါက် တစ်ချပ် ပြုတ်ကျခြင်းဖြစ်သည်ဟု အိုကီနာဝါရှိ အမေရိကန်စစ်တပ်မှ အကြောင်းကြားခဲ့ကြောင်း စီရင်စု အာဏာပိုင်များက ဆိုသည်။

အဆိုပါ အရာဝတ္ထုမှာ အရွယ်အစားအားဖြင့် အချင်းဝက် ၁ စတုရန်းမီတာရှိပြီး ဒေသစံတော်ချိန် နံနက် ၁၀း၁၅ နာရီက ဂီနိုဝမ်စီရင်စုရှိ စာသင်ကျောင်းပေါ်သို့ ပြုတ်ကျခဲ့ခြင်း ဖြစ်သည်။

(Xinhua)
http://www.xinhuamyanmar.com
အမေရိကန် စစ်ရဟတ်ယာဉ်မှ ပြတင်းပေါက်ဟုယူဆရသော အရာဝတ္တု တစ်ခု ဂျပန်နိုင်ငံ အိုကီနာဝါရှိ ကျောင်းပေါ်သို့ ပြုတ်ကျ အမေရိကန် စစ်ရဟတ်ယာဉ်မှ ပြတင်းပေါက်ဟုယူဆရသော အရာဝတ္တု တစ်ခု ဂျပန်နိုင်ငံ အိုကီနာဝါရှိ ကျောင်းပေါ်သို့ ပြုတ်ကျ Reviewed by THITHTOOLWIN on 18:24 Rating: 5
Powered by Blogger.