ပင်လယ်ပြင်တွင် ငါးဖမ်းသဘောင်္(ဆွဲပိုက်)နစ်မြုပ် (၁)ဦးသေ၊ (၄)ဦးပျောက်ဆုံးနေ


ဖျာပုံ ၊ဒီဇင်ဘာ (၆)

ပင်လယ်ပြင် ပင်လယ်ရေလံ(၂၂)လံအရောက်၌ ရွှေပင်လယ်(၁၅၇) ငါးဖမ်းသဘောင်္(ဆွဲပိုက်)ရေယာဉ်သည်ဒီဇင်ဘာလ(၅)ရက်နေ့နံက် (၆)နာရီအချိန်ခန့်တွင် နေရာရွေ့နေစဉ် ပြင်းထန်သောလှိုင်းကြီးများဖြစ်ပေါ်ကာသဘောင်္အတွင်းရေများဝင်ရောက်၍ နစ်မြုပ်သွားခဲ့ရာ ငါးဖမ်းရေယာဉ်ပေါ်တွင် အလုပ်သမား(၁၉)ဦးအနက် (၁၄)ဦးအား အနီးရှိငါးပေါင်းသဘောင်္များမှ ကူညီကယ်ဆယ်နိုင်ခဲ့သော်လည်း ၁ ဦးသေ လေးဦးမှာ ပျောက်ဆုံးနေကြောင်း သိရှိရသည်။

မျိုးနိုင်(ဘ)ဦးချစ်သိန်း၊ ကမာကဆစ်ရပ်ကွက်၊ ဒလမြို့နေသူ စက်ဆရာသည် သေဆုံးသွားခဲ့ပြီး ရေလုပ်သား(၄)ဦး ပျောက်ဆုံးသွားသဖြင့် ပတ်ဝန်းကျင်ရှိ ငါးဖမ်းသဘောင်္များမှ ကူညီရှာဖွေလျှက်ရှိကြောင်း သိရှိရသည်။

သေဆုံးသူ စက်ဆရာ မျိုးနိုင်၏ ရုပ်အလောင်းအားဒီဇင်ဘာလ (၆)ရက်နေ့ နံက် (၁၁)အချိန်ခန့်တွင် ငါးဖမ်းသင်္ဘော(ဆွဲပိုက်)ဖြင့်သယ်ဆောင်လာပြီး ဖျာပုံမြစ်အလယ်တွင်ကျောက်ချရပ်ကာ ထိုမှတဆင့် ပဲ့ထောင်စက်လှေဖြင့် မာလာမြိုင်လမ်းဆိပ်ကမ်းမှဖျာပုံပြည်သူ့ဆေးရုံကြီး ရင်ခွဲထောင်သို့ စစ်ဆေးမှုခံ ယူရန် ကားဖြင့်ပို့ဆောင်ခဲ့ပြီး ဖျာပုံမြို့မရဲစခန်းက တာဝန်ရှိသူများမှစစ်ဆေးနေကြောင်းသိရသည်။

အဆိုပါရေယာဉ်ပိုင်ရှင်ဖြစ်သူမှာ ဦးဇော်ဝင်း အမှတ်(၃) ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးနေသူဖြစ်ပြီး ၎င်းမှပြောကြားရာတွင် ပင်လယ်ပြင်သို့ အလုပ်သမား(၁၉)ဦးဖြင့် လွန်ခဲ့တဲ့(၂)လလောက်က ရန်ကုန်ဆိပ်ကမ်းမှ ငါးဖမ်းစတင်ထွက်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ဖမ်းဆီးရမိသော ငါးများအား ငါးပေါင်းသဘောင်္သို့ ပို့ဆောင်ရန်အတွက် ဖျာပုံမြစ်အတွင်းသို့ဝင်ခဲ့ပြီး ဒီဇင်ဘာလ(၄)ရက်နေ့လည် (၁၁း၀၀)နာရီအချိန်မှာ ငါးပေါင်းသဘောင်္အတွင်း ငါးများပို့ဆောင်ပေါင်းထည့်ပြီး ပင်လယ်ပြင်သို့ ပြန်လည်ထွက်ခွာသွားခဲ့ရာမှ နစ်မြုပ်ခဲ့ရခြင်းဖြစ်သည်ဟုဆိုသည်။

ဖြစ်စဉ်နှင့်ပတ်သတ်၍ ရေယာဉ်အား မဆင်မခြင်မောင်းနှင်သူ သိန်းစိုး(ဘ)ဦးထွန်းစိန်(ပဲ့နင်း)၊ ချောင်းပြားကြီးကျေးရွာ၊လောင်းလုံမြို့နယ်၊ တနသာင်္ရီတိုင်းဒေသကြီး ဖြစ်သူအား အမှုဖွင့်အရေးယူဆောင်ရွက်နိုင်ရေးအတွက် ဖျာပုံမြို့မရဲစခန်းမှအမှုဖွင့်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြာင်းဖျာပုံမြို့မ စခန်းမှူးဒုရဲမှူးဝင်းနိုင်ထံမှ သိရပါသည်။

ကျော်စိုးမိုး
လူထုပုံရိပ် (facebook)
ပင်လယ်ပြင်တွင် ငါးဖမ်းသဘောင်္(ဆွဲပိုက်)နစ်မြုပ် (၁)ဦးသေ၊ (၄)ဦးပျောက်ဆုံးနေ ပင်လယ်ပြင်တွင် ငါးဖမ်းသဘောင်္(ဆွဲပိုက်)နစ်မြုပ် (၁)ဦးသေ၊ (၄)ဦးပျောက်ဆုံးနေ Reviewed by THITHTOOLWIN on 18:33 Rating: 5
Powered by Blogger.